top of page

ပူတာအို-မချမ်းဘောဒေသဘက် စစ်ရေးတင်းမာနေပြီး၊ နှစ်ဖက်တိုက်ပွဲ ဖြစ်လာနိုင်

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၃ရက်၊ဇန္နဝါရီ၊၂၀၂၆။


ကချင်ပြည်နယ် ပူတာအိုဒေသဘက်နှင့် မချမ်းဘောဒေသဘက်တွင် စစ်ကောင်စီက စစ်လက်နက်အင်အား အလုံးအရင်းဖြည့်တင်းနေသောကြောင့် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်ကြား အချိန်မရွေး နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်လာနိုင်သောကြောင့် ပြည်သူများ သတိထားသွားလာကြရန် တော်လှန်ရေးပူးပေါင်းတပ်က သတိ‌ပေးထားသည်။


စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဇန်နဝါရီ ၁၅ ရက်နေ့ နောက်ပိုင်းကတည်းက ပူတာအို ခ.လ.ရ ၄၆ တပ်ထဲကို လေယာဉ်နှင့် စစ်လက်နက်ရိက္ခာများဖြင့် စစ်အင်အားများ ဆက်တိုက်တင်ပို့နေပြီး ထိုမှတစ်ဆင့် စစ်ကားဖြင့် မချမ်းဘောဒေသဘက် တင်ပို့နေကြောင်းသိရသည်။


“ပူတာအို ခ.လ.ရ ၄၆ တပ်ထဲတော့ လေယာဉ်နဲ့ လာပို့တာ အဲ့တပ်ကနေတဆင့် မချမ်းဘောဒေသဘက်ကို ကားတွေနဲ့ပို့နေကြတာ”ဟု ဒေသခံတစ်ဦးက ပြောသည်၊၊


စစ်ကောင်စီတပ်များသည် မချမ်းဘောဒေသ ထန်ဂါးကျေးရွာဘက်ကို မြေပြင်စစ်ရေးလှုပ်ရှားမှုအပြင် အင်ခါဂါးအောက်ဘက် ရေကြောင်းစစ်ရေးလှုပ်ရှားမှုများလည်း ခပ်စိပ်စိပ် လုပ်ဆောင်လာကြောင်း သိရသည်။


စစ်တပ်က ကချင်ပြည်နယ်တွင်း မြေပြင် စစ်‌ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်လာသည့်အပြင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page