top of page

ပြန်လည်ဖြေဆိုသည့် အတန်းတင်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ

  • Writer: Pajau Media
    Pajau Media
  • Jul 8, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊ဇူလိုင်လ၊၂၀၂၄ခုနှစ်။



KIO ထိန်းချုပ်နယ်မြေမှ KIO ပညာရေးဌာနချုပ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အတန်းတင်စာမေးပွဲ အောင်စာရင်းကို ယနေ့ ဇူလှိုင်လ ၈ရက်နေ့ နံနက်၆နာရီအချိန်တွင် ကြေညာခဲ့ကြောင်း သိရသည်။


အတန်းတင်စာမေးပွဲကို ပြီးခဲ့သည့် ဇွန်လ၅ရက်နေ့မှစတင်ကာ ၁၂ရက်နေ့အထိ တစ်ပတ်ကြာ ပြုလုပ်ခဲ့ပြီး၊ ကျောင်းသားပေါင်း အယောက်တစ်ထောင်(၁,၀၀၀)ကျော် ဖြေဆိုခဲ့ရာတွင် အယောက်ခုနှစ်ရာ(၇၈၂)ကျော် ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။


၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ဆယ်တန်းစာမေးပွဲ ဖြေဆိုခဲ့သူ ကျောင်းသားပေါင်း သုံးထောင်(၃၁၂၆)ကျော်ဖြေဆိုခဲ့သည့်အနက် အယောက်တစ်ထောင့်ရှစ်ရာ(၁၈၉၃)ကျော် ဖြေဆိုအောင်မြင်ခဲ့ပြီး၊ မအောင်မြင်ခဲ့သည့် ကျောင်းသားများအတွက် ယင်းတို့ကျရှုံးခဲ့သည့် ဘာသာရပ်ကိုသာ ပြန်လည်ဖြေဆိုစေခဲ့ခြင်း ဖြစ်သည်။


ပညာရေးဌာနချုပ်မှ ယခုကဲ့သို့ အတန်းတင်စာမေးပွဲများ ပြန်လည်ဖြေဆို အောင်မြင့်ခွင့် ပေးရခြင်းမှာ လာမည့်ပညာသင်နှစ်များတွင် ဆယ့်တစ်တန်း၊ ဆယ့်နှစ်တန်းအထိ တိုးမြင့်ဖွင့်လှစ်ကာ သင်ရိုးညွန်းတမ်းများ ပြောင်းလဲသင်ကြားလာမည်ဖြစ်သောကြောင့် ယခုနှစ်တွင် အတန်းတင်စာမေးပွဲ ဖြေဆိုခွင့်ကို နောက်ဆုံး ပြုလုပ်ကျင်းပခြင်းဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page