ဖားကန့်-ငှက်ပျောတောရပ်ကွက်ရှိ စာသင်ခန်းတစ်ခန်း လက်နက်ကြီးကျ၍ ကလေးငယ်နှစ်ဦး ဒဏ်ရာရ
- Pajau Media

- Feb 2
- 1 min read
ပါဂျောင်မီဒီယာ
၂ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်ရှိ (အ.ထ.က)ကျောင်းမှ KG တန်းအဆောင်ပေါ်တွင် ယနေ့ဖေဖော်ဝါရီ ၂ ရက်နေ့ ၁၀ နာရီချိန်ခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေပြောပြချက်အရ သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူမှာ မိန်းကလေးတစ်ဦးနှင့် ယောက်ျားလေးတစ်ဦး စသည့်ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့တွင် စစ်ကော်မရှင်တပ်က ဇန္နဝါရီ ၃၀ ရက်နေ့ကတည်းက စစ်ကြောင်းထိုး လှုပ်ရှားလာသောကြောင့် ကချင်လွတ်လပ်ရေးတပ် KIA နှင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇန္နဝါရီ ၂၅ ရက်နေ့တွင်လည်း စစ်ကော်မရှင်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆိုင်းတောင်ရပ်ကွက် (၃) တွင် ဒေသခံ(၃)ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။
သတင်း - ဇော်










Comments