top of page

ဖားကန့်မြို့နယ်တွင် မဲထောင်ကျော်ဖြင့် ကြံ့ခိုင်ရေးပါတီ အနိုင်ရ

  • Writer: Pajau Media
    Pajau Media
  • Jan 29
  • 1 min read

ပါဂျောင်မီဒီယာ

၂၉ရက်၊ဇန္နဝါရီ၊၂၀၂၆။


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ အပိုင်း ၃ တွင် မဲပေးသူအလွန်နည်းပါးခဲ့သော်လည်း မဲ ၁,၀၀၀ ကျော်ဖြင့် ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။


ပြီးခဲ့သည့် ဇန္နဝါရီ ၂၅ ရက်နေ့က ဖားကန့်မြို့နယ် ရွေးကောက်ပွဲ ကျင်းပနေချိန်၊ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ခဲ့သောကြောင့် မဲလာရောက်ပေးခဲ့သူ မဲဆန္ဒရှင် ၃,၀၀၀ ကျော်သာရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်၊၊


စစ်ကောင်စီက အပိုင်း ၃ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် မဲရုံ စုစုပေါင်း ၁၉ ရုံ ဖွင့်လှစ်ခဲ့သည်။


စစ်ကောင်စီတပ်များက ရွေးကောက်ပွဲရက် မတိုင်ခင်အချိန်ကတည်းက ဖားကန့်မြို့နယ်တွင် လုံခြုံရေးနေရာများ ယူထားသော်လည်း နှစ်ဖက်စစ်တပ် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သောကြောင့် မဲပေးသူအလွန်နည်းပါးခဲ့ခြင်းဖြစ်သည်။


စစ်ကောင်စီက ဖားကန့်မြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၅ မေလနှောင်းပိုင်းကတည်းက မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်၊၊


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page