top of page

ဖားကန့်မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပချိန် ပစ်ခတ်မှုဖြစ်ပွား၊ မဲထည့်သူနည်းပါး

  • Writer: Pajau Media
    Pajau Media
  • Jan 26
  • 1 min read

ပါဂျောင်မီဒီယာ

၂၆ရက်၊ဇန္နဝါရီ၊၂၀၂၆။



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့ ရွေးကောက်ပွဲ ပြုလုပ်ကျင်းပနေချိန် နှစ်ဖက် ပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီဘက်မှလက်နက်ကြီးများ ပစ်ခတ်မှုရှိသောကြောင့် မဲထည့်သူအလွန် နည်းပါးကြောင်း သိရသည်။


စစ်ကော်မရှင်သည် ရွေးကောက်ပွဲကာလ ဖားကန့်မြို့နယ်အတွင်း လုံခြုံရေး အထူးတင်းကျပ်ထားသော်လည်း စစ်တပ်၏လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေသောကြောင့် လုံခြုံမှုမရှိကြောင်း သိရသည်။


စစ်ကောင်စီသည် ဇန္နဝါရီ ၂၄ ရက်နေ့ကတည်းက ဖားကန့်ဗျူဟာကုန်းနေရာမှ လက်နက်ကြီးများ ဆက်တိုက်ပစ်နေပြီး စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ဒေသခံတစ်ချို့ ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့ကြောင်း သိရသည်။


ရွေးကောက်ပွဲအပိုင်း(၃)တွင် ကချင်ပြည်နယ်က မိုးမောက်၊မံစီ၊ဖားကန့်၊ ဗန်းမော် နှင့် ရွှေကူ မြို့နယ် ၅ မြို့နယ် ပါဝင်နေသော်လည်း မိုးမောက်နှင့် မံစီမြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်တော့ကြောင်း ထုတ်ပြန်ခဲ့သဖြင့် ကျန်ရှိနေသည့် ဖားကန့်၊ ဗန်းမော် နှင့် ရွှေကူမြို့နယ်တွင်သာ ရွေးကောက်ပွဲကျင်းပခဲ့သည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page