ဖားကန့်မြို့နယ်ဟာ ဇွန်တစ်လတာအတွင်း ကချင်ပြည်နယ်က လူ့အခွင့်အရေးချိးဖောက်ခံရမှု အမြင့်ဆုံးဒေသဖြစ်ခဲ့
- Pajau Media

- Jul 6, 2025
- 1 min read
ပါဂျောင်မီဒီယာ။
၆ရက်၊ဇူလိုင်၊၂၀၂၅။
ဖားကန့်မြို့နယ်ဟာ ဇွန်တစ်လတာအတွင်း အရပ်သားပြည်သူ (၃၁)ဦးထိ သတ်ဖြတ်ခံခဲ့ရပြီး၊ ကချင်ပြည်နယ်က လူ့အခွင့်အရေးချိးဖောက်ခံရမှု အမြင့်ဆုံးဒေသဖြစ်ခဲ့ပါတယ်။
KHRWရဲ့ ဖော်ပြချက်အရ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား (၁၇)ဦးနဲ့ အမည်မသိအဖွဲ့ရဲ့ သတ်ဖြတ်မှုကြောင့် ပြည်သူ(၃)ဦး သေဆုံးခဲ့ပါတယ်။
Myanmar Nowကတော့ လက်သည်မပေါ်ဘဲ ပစ်သတ်ခံခဲ့ရသူ (၁၁)ဦးအထိ ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ညဏ်လင်းသစ် သုတေသနအဖွဲ့ကလဲ စစ်ကောင်စီက မေလ၂၇ရက်ကနေ မေလကုန်အထိ ပြည်သူ ၆ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါသေးတယ်။
မေလကုန်ပိုင်းကစပြီး ဖားကန့်မြို့နယ်ကို စစ်ကောင်စီစစ်ကြောင်း ဝင်လာကတည်းက အရပ်သားပြည်သူတွေ တစ်နေ့ပြီးတစ်နေ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။
ဇွန်(၃)ရက်နေ့မှာ စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သား(၂)ဦးနဲ့ ကုမ္ပဏီဝန်ထမ်း(၂)ဦး သေဆုံးခဲ့တယ်။
ဇွန်(၆)ရက်နေ့မှာလဲ ကလေး(၄)ဦးအပါအဝင် အရပ်သား(၉)ဦး သေဆုံးခဲ့ပြီး၊ လူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့တယ်။ဇွန်(၁၄)ရက်နေ့မှာ စစ်ကောင်စီက အရပ်သား(၄)ဦးကို သတ်ဖြတ်ခဲ့တယ်။
ဒါ့အပြင် အမည်မသိလက်နက်ကိုင်ကြောင့် ဇွန်(၁၆)ရက်နေ့က လုံးခင်းက (၁)ဦး၊ ဇွန်(၂၀)ရက်နေ့မှာ မှော်ဆီစာအရှေ့မုဒ်ဝက (၁)ဦးနဲ့ (၂၈)ရက်နေ့က လုံးခင်းမှာ နောက်ထပ်(၁)ဦး တို့က သေနတ်နဲ့ သတ်ဖြတ်ခံခဲ့ရပါတယ်။




Comments