top of page

ဗန်းမော် - ကောင်ဂျာကျေးရွာ လေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၂၂ ဦးထိ ရှိလာ

  • Writer: Pajau Media
    Pajau Media
  • Jan 24
  • 1 min read

ပါဂျောင်မီဒီယာ

၂၄ရက်၊ဇန္နဝါရီ၊၂၀၂၆။


ဗန်းမော်မြို့တစ်ဖက်ကမ်း ကောင်ဂျာကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးသူ အရပ်သားပြည်သူမှာ (၂၂)ဦးထိ ရှိလာပြီး၊ ဒဏ်ရာရရှိသူ ၂၈ ဦးရှိကြောင်း သိရသည်။


ဗန်းမော်မြို့တစ်ဖက်ကမ်း ကောင်ဂျာရွာဘက် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ဇန်နဝါလ ၂၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


ဗုံးကြဲတိုက်ခိုက်ချိန်မှာ နာရေးအိမ် လူစုဝေးနေချိန်ဖြစ်သောကြောင့် သေဆုံးသူများပြီး ထိခိုက်သူတွေများကြောင်း သိရသည်။


ထို့အပြင် ဖားကန့်လမ်းရှိ ဆဘော်ကျေးရွာမှ ဆွတ်ကြိုင်မှော်တွင်လည်း ဇန္နဝါရီ ၂၂ ရက် ည ၇ နာရီချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်းဗုံးပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ဒရုန်းဗုံးပစ်ခတ် တိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ရသည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page