ဗန်းမောက်မြို့ စစ်ရေးပြင်းထန်၊ တော်လှန်ရေးတပ်များ တပ်ဆုတ်ခွာနေ
- Pajau Media

- Feb 4
- 1 min read
ပါဂျောင်မီဒီယာ
၄ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအဆက်မှ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဗန်းမောက်မြို့ကို ရှမ်းနီ (SNA)ပြည်သူ့စစ် ထိုးစစ်နှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပြင်းထန်နေသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များ တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာနေရကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။
စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့များသည် ပြီးခဲ့သည့် ရက်ပိုင်းကတည်းက စစ်လက်နတ် အင်အားအလုံးအရင်းနှင့် ဗန်းမောက်မြို့ကို ပြန်လည်ထိုးစစ်ဆင်လာခဲ့ခြင်း ဖြစ်သည်။
ဗန်းမောက်မြို့တွင် နှစ်ဖက်တပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေပြီး စစ်လက်နက်နှင့် လူအင်အားမလုံလောက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာပေးနေရဟု ဆိုသည်။
စစ်ကောင်စီသည် ဗန်းမောက်မြို့ကို ပြန်လည်ရရှိရန်အတွက် လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည့်အပြင် လက်နက်ကြီးနှင့် FVP အသေခံဒရုန်းများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။
လက်ရှိတွင် ကချင်ပြည်နယ်အဆက်ရှိ ဗန်းမောက်မြို့အပြင် ကသာ၊ ကောလင်းနှင့် ထီးချိုင့်ဒေသများတွင်လည်း စစ်ရေးတင်းမာမှုများ ရှိနေသည်။
သတင်း-ဖရိန်း




Comments