top of page

ဗန်းမောက်မြို့တွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

  • Writer: Pajau Media
    Pajau Media
  • 2 days ago
  • 1 min read

ပါဂျောင်မီဒီယာ

၃၀ရက်၊ဇန္နဝါရီ၊၂၀၂၆။


ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအဆက်ရှိ ဗန်းမောက်မြို့တွင် တော်လှန်‌ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီပူးပေါင်းတပ်အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။


စစ်ကောင်စီပူးပေါင်းတပ်များက ဗန်းမောက်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် ကြိုးပမ်းနေသောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ နေ့စဥ်ဖြစ်ပွားနေကြောင်း သိရသည်။


စစ်ကောင်စီတပ်များသည် လက်ရှိ ဗန်းမောက်မြို့အပါအဝင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ထီးချိုင့်၊ ကသာနှင့် ကောလင်းမြို့နေရာများတွင်လည်း ထိုးစစ်ဆင် တိုက်ခိုက်နေသောကြောင့် စစ်ရေးတင်းမာနေကြောင်း သိရသည်။


စစ်ကောင်စီ ဗန်းမောက်မြို့ကို ပြန်လည်ရရှိရန်အတွက် ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလကတည်းက အကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ‌ဒေသခံနေအိမ်များနှင့် ဘာသာရေးအဆောက်အဦးများ မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page