top of page

ဗန်းမော်၊မံစီနှင့်မိုးမောက်မြို့တို့မှ စစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် အနွေးထည်များ လိုအပ်နေ

  • Writer: Pajau Media
    Pajau Media
  • Jan 21
  • 1 min read

ပါဂျောင်မီီဒီယာ။

၂၁ရက်၊ဇန္နဝါရီ၊၂၀၂၅။




ကချင်ပြည်နယ်၊ မံစီမြို့၊ မန်ဝိန်းကြီးကျေးရွာရှိ စစ်ဘေးရှောင် အိမ်ခြေ(၈၀၀)ကျော်အတွက် စားနပ်ရိက္ခာနှင့် အနွေးထည်၊ စောင်များ အရေးတကြီး လိုအပ်နေကြောင်း မန်ဝိန်းကြီးစစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ သိရသည်။


ပြီးခဲ့သည့် ဒီဇင်ဘာလတွင် တစ်ဖန်ဖြစ်ပွားလာသည့် ထိတွေ့တိုက်ပွဲများကြောင့် မန်ဝိန်းကြီးကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူများမှာ စားနပ်ရိက္ခာ၊ အနွေးထည်၊ စောင်၊ ဆေးဝါး၊ နေရာအထိုင်အခင်းနှင့် အိမ်သုံးပစ္စည်း အိုးခွက်ပန်းကန်များ လိုအပ်နေကြောင်းသိရသည်။


စစ်ဘေးရှောင်များတွင် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ ကလေးငယ်များနှင့် နာတာရှည်ကျန်းမာရေးမကောင်းသူများ ပါဝင်နေပြီး ယင်းတို့အတွက် ကျန်းမာရေးကုသမှုလည်း အခက်အခဲရှိနေသည်ဟု ဆိုသည်။


ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များမှာ ဗန်းမော်၊ မံစီနှင့် မိုးမောက်ဒေသမှ ပြည်သူများဖြစ်ပြီး၊ မည်သည့် လူမှုကူညီရေးအဖွဲ့အစည်းမှ ကူညီထောက်ပံ့မှု မရရှိသေးသည့်အပြင် လက်ရှိစစ်ရှောင်စခန်းအတွင်း နေရာအထိုင်အခင်းပါ မလုံလောက်တော့ဘဲ ခက်ခဲနေကြောင်း သိရသည်။


အဆိုပါ စစ်ဘေးရှောင်များကို ကက်သလစ်အသင်းတော်နှင့် နှစ်ခြင်းခရစ်ယာန်အသင်းတော် နှစ်ခုမှတာဝန်ယူစာင့်ကြည့်ထားပေးပြီး၊ ကက်သလစ်အသင်းတော်ရှိ စစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ(၄၈၃)အိမ်နှင့် နှစ်ခြင်းခရစ်ယာန်အသင်းတော်ရှိ စစ်ဘေးရှောင်စခန်းတွင် အိမ်ခြေ(၃၂၅)အိမ် ရှိသည်ဟု ဆိုသည်။


လက်ရှိအချိန်အထိ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ပြီး၊ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းတို့ကြောင့် လူစုကွဲကာ မိမိဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မိသားစုဝင်များအကြား အဆက်အသွယ် ပြတ်တောက်နေသူများလည်း ရှိနေကြောင်း သိရသည်။


သတင်း - ဇော်မိုင်


Comments


Pajau Media

Thanks for subscribing!

bottom of page