top of page

မြစ်ကြီးနား-ပူတာအို ကားလမ်းဖွင့်လို့ ကားသေးများ စတင်ထွက်နေပြီဖြစ်သော်လည်း ကုန်ကားကြီးများ သွားနိုင်ခြင်းမရှိသေးဟုဆို

  • Writer: Pajau Media
    Pajau Media
  • Aug 23, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၃၊ ၈၊၂၀၂၄။



မြစ်ကြီးနား-ပူတာအိုကားလမ်းသည် ဇူလှိုင်လဆန်းပိုင်းကတည်းက ဆိုးရွားသည့် ရာသီဉတုဒဏ်ကြောင့် လမ်းမြေပြိုမှု၊ ကမ်းပါးပြိုမှုနှင့် တံတားပျက်စီးမှုများကြောင့် လမ်းကြောများ ဆိုးရွားစွာပျက်စီးခဲ့‌‌ေကြာင်း သိရသည်။


လမ်းကြောပိတ်စို့သွားသည့် တစ်လကျော်ကြာပြီးနောက် ယခုရက်ပိုင်းတွင် ကားအသေးများစတင် ထွက်စပြုနေပြီဖြစ်ပေမယ့်၊ လမ်းကြောတစ်လျှောက်ပျက်စီးနေသည့်လမ်းများ ကောင်းမွန်စွာ ပြုပြင်နိုင်ခြင်း မရှိသေးသောကြောင့် ကုန်ကားများ မထွက်နိုင်သေးကြောင်း ကားသမားများထံမှ သိရသည်။


"မနေ့ကနေ ကားအသေးတွေတော့ တက်သွားကြပြီ၊ပူတာအိုကားလမ်းတော့ အဆုံးထိသွားလို့ မရသေးဘူး၊ ဆွမ်ဘရာဘွမ်မရောက်ခင် ဇနန်ခနဲ့အင်တားဂလို(မိုင် ၁၀၀-၁၂၁)ကြားမှာ တဆင့်ပြန်‌ပြောင်းသယ်ယူရမယ်။အဲ့ဒီတကြောက လမ်းပြိုထားတဲ့နေရာတွေ ယာယီမြေဖို့ထားတဲ့ဟာတွေက မခိုင်သေးတော့ ကားသွားလို့ အဆင်မပြေသေးဘူး။ ဆိုတော့ပူတာအိုဘက်ကဆင်းလာတဲ့ကားတွေနဲ့ တဆင့်ပြန်သယ်သွားကြတယ်။ နောက်နှစ်ပတ်လောက်ကြရင်တော့ ကုန်ကားကြီးလည်း သွားနိုင်မယ်ထင်တယ်။လောလောဆယ် ပျဉ်တံတားတွေလည်း ထိုးနေကြတုန်းပဲ မပြီးသေးဘူး။ အဲ့ဒီနေရာတကြောကို ပြင်ပြီးသွားရင်တော့ သွားလို့ရမယ်" ဟု ပူတာအိုမြို့ခံကားသမားတစ်ဦးက ပြောသည်။


ပူတာအို-မြစ်ကြီးနားကားလမ်းသည် မတ်လဆန်းကတည်းကပင် နှစ်ဖက်တိုက်ပွဲများကြောင့် ပိတ်ထားခဲ့သည့် လမ်းကြောဖြစ်သလို ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် တီယာန်ဇွပ်ကျေးရွာအတွင်း စစ်ရေးလှုပ်ရှားမှုများရှိလာသောကြောင့် ကားလမ်းအပြင် ရေလမ်းကိုပါ စစ်တပ်မှ ပိတ်ထားခဲ့သည့် လမ်းကြောလည်း ဖြစ်သည်။


ကုန်းလမ်းကြောင်းပိတ်မိခဲ့သည့် ခြောက်လတာကာလအတွင်း ပူတာအိုမြို့နယ်တွင် ကုန်ပစ္စည်းများကို လေကြောင်းလမ်းဖြင့်သာ သယ်ယူနေခဲ့ခြင်းကြောင့် ကုန်‌ေဈးနှုန်းများမှာလည်း အဆမတန်မြင့်တက်သွားခဲ့ပြီး ဒေသခံများ စားဝတ်နေရေးမှာခက်ခက်ခဲခဲ ကြုံတွေ့နေရသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page