မြစ်ကြီးနားမြို့မှ အဟောင်းဆိုင်တစ်ခု မီးလောင်ပျက်စီး
- Pajau Media

- 3 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၄ရက်၊ မတ်လ၊ ၂၀၂၆။
မြစ်ကြီးနားမြို့ အေးမြသာယာ ရပ်ကွက်တွင်ရှိသော အဟောင်းဆိုင်တစ်ခု ယနေ့ မတ်လ ၂၄ ရက် ၁ နာရီဝန်းကျင်တွင် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အေးမြသာယာ ရပ်ကွက် ၅တွင်ရှိသော သံတိုသံစ၊ သံဗူး၊ ဗူးခွံအဟောင်များ ရောင်းဝယ်သည့်ဆိုင်ဖြစ်ပြီး ဝိုင်ယာကြိုးကြောင့် ရှော့ဖြစ်ကာ မီးလောင်ခြင်းဖြစ်နိုင်သည်ဟု မြို့ခံများက ပြောဆိုကြသည်။
မီးလောင်မှုကို မီးသတ်သမားများ၊ လူမှုကူညီရေး အသင်းများ၊ ရပ်ကွက်နေသူများနှင့် ငြိမ်းသတ်ခဲ့ရပြီး အိမ်အကုန်မီးလောင်ကျွမ်းခဲ့သော်လည်း၊ အခြားအိမ်များသို့ မီးကူးဆက်ချင်းမရှိဘူးဟု ဆိုသည်။
အိမ်ရှင်များ ခရီးသွားနေချိန်ဖြစ်သည်ဟု သိရပြီး နေအိမ်တွင် ၎င်းဆိုင်တွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများသာ ရှိနေကြောင်း သိရသည်။
မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့တွင်လည်း မန်ခိန်ရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ခု မီးလောင်ပျက်စီးခဲ့သည်။
သတင်း - ဇော်
ဓာတ်ပုံ - မျိုးဆက်သစ် လူမှု့ကယ်ဆယ်ရေးအသင်း










Comments