top of page

မြစ်ကြီးနား မန်ခိန်ရပ်ကွက်မှ လူငယ်နှစ်ဦး ပျောက်ဆုံးနေ

  • Writer: Pajau Media
    Pajau Media
  • Feb 16, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၆ရက်၊ဖေဖော်ဝါရီ၊ ၂၀၂၄ခုနှစ်။



မြစ်ကြီးနား မန်ခိန်ရပ်ကွက်မှ အသက်၂၀နှစ် ဝန်းကျင်အရွယ်ရှိသည့် လူငယ်နှစ်ဦးသည် ဖေဖော်ဝါရီ ၁၅ရက်နေ့ ည၇နာရီအချိန်ခန့်၌ မိမိနေအိမ်မှ အဒေါ်ဖြစ်သူအိမ်သို့ ဆိုင်ကယ်သွားပို့ပြီးအပြန် အိမ်သို့ မရောက်ရှိဘဲ ပျောက်ဆုံးနေသည်ဟု မိသားစုဝင်များ ပြောပြချက်အရ သိရသည်။


ပျောက်ဆုံးနေသည့် လူငယ်နှစ်ဦးသည် Music For God သာသနာကျောင်းမှ ဆက်ကပ်ဆရာ မောင် အောင်သူရစိုး (ခ)သားညီနှင့် မောင် ချန်းဆောင် (ခ) နော်ဒီးဆိုသူ နှစ်ဦး ဖြစ်ကြောင်း သိရသည်။


“၇နာရီခွဲလောက်မှာ သားအဖသုံးယောက်နားက အဒေါ်အိမ်မှာ ဆိုင်ကယ်ပို့မယ်ဆိုပြီး ထွက်သွားတာ ၈နာရီလောက်မှာ ဖုန်းဆက်ကြည့်တော့ ၂ခါဆက် ၂ခါဝင်တယ်။ ဖုန်းတော့မကိုင်ဘူး။ ၈ခွဲလောက်ပြန်ဆက်ကြည့်တော့ ဖုန်းစက်ပိတ်သွားပြီ။” ဟု Music For God သာသနာကျောင်းမှ ကျောင်းအုပ်က ပြောသည်။


ယင်းအချိန်မှ စ၍ တာဝန်ရှိသူများမှ သားအဖသုံးယောက် အနီးအနားရှိ ရဲစခန်းမှာ လူပျောက်အနေဖြင့် တိုင်ကြားချက် ဖွင့်လှစ်ထားပေမယ့် ယခုစာရေးနေချိန်အထိ တစ်စုံတစ်ရာ ထူးခြားတာ မကြားသိရသေးဘူးဟု ပြောသည်။


သားအဖသုံးယောက် အနီးဝန်းကျင်မှ ပြောစကားအရ ယမန်နေ့ညက အသုဘအိမ်နားမှာ မီးတွေပိတ်ခိုင်းပြီး စစ်ကားနဲ့ လူတစ်ချို့ကို ဖမ်းခေါ်သွားတာတော့ တွေ့လိုက်တယ်ဟု ပြောဆိုနေကြပေမယ့် လက်ရှိချိန်ထိ အဆက်အသွယ်မရသေးဘဲ စုံစမ်းနေဆဲ ဖြစ်ကြောင်းနှင့် လူငယ်နှစ်ဦးက ဖမ်းဆီးခံရသည့် အဖွဲ့ထဲ ပါသွား မပါသွားတော့ မသိသေးဘူးဟု အထက်ပါ ကျောင်းအုပ်ဆရာက ဆက်ပြောသည်။


မိသားစုဝင်များနှင့် ကျောင်းအုပ်ဆရာမှာ လတ်တစ်လော ပြန့်နှံ့နေသည့် လူငယ်များ ဖမ်းဆီးခံနေရသည့် သတင်းများကြောင့် စိုးရိမ်မှုများ ရှိနေသည်ဟု ပြောသည်။



header.all-comments


Pajau Media

Thanks for subscribing!

bottom of page