top of page

မြန်မာ့ရွှေဈေးနှုန်း သိန်း ၁၁၀ ကျော်ထိ စံချိန်တင်မြင့်နေဆဲ

  • Writer: Pajau Media
    Pajau Media
  • Jan 29
  • 1 min read

ပါ‌ဂျောင်မီဒီယာ

၂၉ရက်၊ ဇန်နဝါရီ၊ ၂၀၂၆


မြန်မာနိုင်ငံ ပြည်တွင်းရွှေစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ်ငွေ သိန်း ၁၁၀ ကျော် အထိ စံချိန်တင်မြင့်တက်နေဆဲ ဖြစ်သည်။


လက်ရှိတွင် အမေရိကန်ဒေါ်လာနှင့် စီးပွားရေးမူဝါဒများ ကျဆင်းနေသော်လည်း ရွှေစျေးကွက်တွင်မူ ယခုအခါ ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၅,၂၉၂ ဒသမ ၆၀ အထိ စံချိန်တင် ထိုးတက်လာသောကြောင့် မြန်မာ့စျေးကွက်အပါအဝင် နိုင်ငံတကာစျေးကွက်တွင်လည်း ရွှေစျေးနှုန်းများ တဟုန်ထိုး မြင့်တက်မှုရှိနေကြောင်း သိရှိရသည်။


လက်ရှိ မြန်မာနိုင်ငံတွင် ရွှေစျေးအဆမတန်မြင့်တက်နေပြီး ရွှေစျေးနှင့်အတူ စက်သုံးဆီနှင့် အခြားကုန်စျေးနှုန်းများမှာလည်း မြင့်တက်လာနိုင်ကြောင်းကို သာမန်ပြည်သူများက စိုးရိမ်နေကြသည်။


ပြီးခဲ့သည့် ၂၀၂၅ ဇွန်လနောက်ပိုင်းတွင် မြန်မာနိုင်ငံပြည်တွင်း ရွှေစျေးကွက်အရ တစ်ကျပ်သားကို ၈၂ သိန်းဖြင့် စံချိန်တင် အမြင့်ဆုံးစျေးဖြစ်ခဲ့သော်လည်း လက်ရှိတွင် ကျပ် သိန်း ၁၁၀ ကျော်ဖြင့် တစ်ဖန် စံချိန်တင်မြင့်တက်နေသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page