top of page

မြစ်ကြီးနားမြို့တွင် လျှပ်စစ်မီးပေး အချိန်နည်းပါးလွန်းသောကြောင့် ဒေသခံများခက်ခဲနေ

  • Writer: Pajau Media
    Pajau Media
  • 1 day ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၉ရက်၊ ဇန္နဝါရီ၊ ၂၀၂၆။


ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့တွင် မီးလာချိန်နည်းပါးပြီး မီးပျက်ချိန်ပိုကြာနေသည်ဟု မြစ်ကြီးနား ဒေသခံများက ပြောပြသည်။


ယခုကဲ့သို့ မီးလာချိန်နည်းပါးပြီး မီးပျက်ချိန် ပိုမိုကြန့်ကြာခြင်းမှာ ၂၀၂၆ နှစ်စကတည်းက ဖြစ်သည်ဟု မြစ်ကြီးနားဒေသခံ အမျိုးသားတစ်ဦး ပြောပြသည်။


“ဒီနှစ်ပိုင်းဆိုရင် ပိုဆိုးတယ်၊ တစ်နေ့လုံးမှ ၂နာရီ၊ ၃ နာရီလောက်ပဲလာတာ၊ လာတာကလည်း သူများအိပ်ချိန် ည ၁၁ နာရီနောက်ပိုင်းလာပြီး မနက် ၅ နာရီမထိုးခင်ဆိုသေပြီ၊ ထမင်းချက်စားချိန်ဆို တစ်ပတ်မှာ တစ်ကြိမ်လောက်တောင်မလာဘူး။” ဟု ပြောသည်။


လျှပ်စစ်မီးလာချိန်နည်းပါးခြင်းကြောင့် ဆိုလာမီးများ မတပ်ဆင်နိုင်သည့် သာမန် လူလတ်တန်းစားများနှင့် လက်လုပ်လက်စားများအတွက် အခက်အခဲဖြစ်နေပြီး လျှပ်စစ်မီးအစားထိုးသုံး ထင်းမီးနှင့် မီးသွေးများလည်း ဈေးကြီးနေသောကြောင့် ပိုမိုခက်ခဲနေကြောင်း သိရသည်။


“မီးက တစ်ရက်ခြားမှ တခါလာတာ လုပ်ငန်းလုပ်တဲ့ လူတွေအတွက်ဆို အဆင်မပြေဘူး၊ လျှပ်စစ်မီးအစား တခြားသုံးမယ်ဆိုရင်လည်း ဓာတ်ဆီတွေကလည်း ဈေးကြီးနေတော့၊ သိပ်မကိုက်ဘူး။” ဟု အခြားမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။


ထို့အပြင် နေ့စဥ် ကျောင်းသွား၊ အလုပ်သွားသူများအတွက်လည်း လျှပ်စစ်မီးလာချိန်နည်းပြီး ပြတ်တောက်ချိန်များသောကြောင့် ဘက်ထရီဆိုင်ကယ်အားသွင်းရန် ခက်ခဲမှုများ ကြုံနေရသည်။


ဇန္နဝါရီ ၁၉ ရက်နေ့မှစပြီး မြစ်ကြီးနားမြို့ လျှပ်စစ်မီးပေး စနစ်ကို အလှည့်ကျမီးပေးစနစ်ဖြင့် A,B,C,D ဟူ၍ အပိုင်းလေးပိုင်းခွဲကာ တစ်ပိုင်းလျှင် ၈ နာရီလာပြီး ၂၄ နာရီပျက်မည့် အလှည့်ကျ မီးပေးစနစ်ဖြင့် ပေးသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page