top of page

မြစ်ကြီးနား ရွှေလမ်းမလမ်း၌ ကားနှင့် ဆိုင်ကယ်အက်စီးဒင့်ကြောင့် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး ပွဲချင်းပြီး အသက်သေဆုံး

  • Writer: Pajau Media
    Pajau Media
  • Mar 6, 2024
  • 1 min read

Updated: Mar 12, 2024

ပါဂျောင်မီဒီယာ

၆ရက်၊ မတ်လ၊ ၂၀၂၄ ခုနှစ်။



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရွှေလမ်းမကြီး၊ စမိုင်းကေတီဗီရှေ့နေရာ၌ အမျိုးသမီးတစ်ဦး ယာဉ် အက်စီး ဒင့် ဖြစ်ပွားခဲ့ရာ ကားမောင်းသူတရားခံမှာ တစ်ရှိန်ထိုး ကားမောင်းထွက်ပြေးသွားသည်ဟု မျက်မြင်တွေ့ရှိသူက ပြောသည်။


ယနေ့ နံနက်ပိုင်း ၈နာရီဝန်းကျင်ခန့်၌ ဆိုင်ကယ်အက်စီးဒင့်ဖြစ်ပွားခဲ့၍ လှဲကျနေသော အမျိုးသမီးကို နောက်မှာမောင်းလာသည့် အမည်မသိ မော်တော်ကားပိုင်ရှင်မှ ထပ်မံတက်ကြိတ်မိသောကြောင့် ထိုအမျိုးသမီးမှာ ဦးခေါင်းကြေမွပြန့်ကျဲလျက် ထိုအခင်းဖြစ်‌ေနရာ၌ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။


သေဆုံးသူအမျိုးသမီးမှာ အသက်(၃၀)နှစ်ဝန်းကျင်ရှိသူ ဒေါ်ဝင်းဝင်းလှိုင် ဆိုသူဖြစ်ပြီး၊ မြစ်ကြီးနားကားကြီးကွင်းရှိ ဂျိန်းဖော့ဧရာဂိတ်တွင် စာရင်းကိုင် လုပ်ကိုင်နေသူ ဖြစ်ကြောင်းနှင့် အလုပ်သွားစဉ် လမ်းမှာ ယခုလို ဖြစ်စဉ်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။


သေဆုံးသူ၏ ရုပ်အလောင်းအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အဖွဲ့မှ မြစ်ကြီးနား ရင်ခွဲရုံသို့ ပို့ဆောင်သွားကြောင်း သိရသည်။


ယခုလို မြစ်ကြီးနားမြို့နယ်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ်ပေါင်းမှာ ဖေဖော်ဝါရီလအတွင်း အကြိမ် (၃၀)ထက်မနည်းရှိခဲ့ပြီး ယာဉ်တိုက်မှုကြောင့် အသက်သေဆုံးသူ စုစုပေါင်း (၄) ဦးထက်မနည်းရှိခဲ့သည်ဟု ဟူးကောင်းသူမှ တင်ပြထားသည်။


သတင်း - ဟူးကောင်းသူ



Comments


Pajau Media

Thanks for subscribing!

bottom of page