မြစ်ကြီးနားလေဆိပ်နှင့် ခရီးသည်တင်လေယာဉ်များ တိုက်ခိုက်ခံရခြင်းမှာ War Crime ကို ကျူးလွန်ခြင်းဖြစ်သည်ဟု စကမထုတ်ပြန်
- Pajau Media

- 2 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၃ရက်၊ဖေဖော်ဝါရီ၊ ၂၀၂၆။

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်နှင့် ခရီးသည်တင်လေယာဉ်များကို စစ်လက်နက်များဖြင့် တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ စစ်ရာဇာဝတ်မှု(War Crime)ကို ကျူးလွန်ခြင်းသာဖြစ်သည်ဟု စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
KIA-PDF ပူးပေါင်းတပ်ဖွဲ့များက ရည်ရွယ်ချက်ရှိရှိ ခရီးသွားပြည်သူများအား ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ခြင်းမှာ ခရီးသွားပြည်သူများနှင့် လေယာဉ်ဝန်ထမ်းများအပေါ် အကြီးအကျယ် စိတ်တုန်လှုပ်ခြောက်ခြားမှုနှင့် စိတ်ဒဏ်ရာရရှိစေခဲ့ကြောင်းလည်း စစ်ကောင်စီက ဖော်ပြထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၀)ရက် ည (၈) နာရီ (၁၂) မိနစ်ခန့်တွင် မြစ်ကြီးနားမှ မန္တလေးသို့ ထွက်ခွာရန် အဆင်သင့်ဖြစ်နေသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်း FPV Suicide Drone ဖြင့် တိုက်ခိုက်ခံခဲ့ရသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်မှ လေကြောင်းလိုင်းကို သုံးလကြာ ရပ်နားထားမည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြကြသည်။
ထုတ်ပြန်ချက်အရ စစ်ကော်မရှင်က မြစ်ကြီးနားလေဆိပ်နှင့် ခရီးသည်တင်လေယာဉ်များကို စစ်လက်နက်များဖြင့် တိုက်ခိုက်ခြင်းမှာ KIAနှင့် PDFပူးပေါင်းတပ်ဖွဲ့များ ဖြစ်သည်ဟု ဖော်ပြထားသော်လည်း KIAက အဆိုပါအရပ်သားနေရာများအား တိုက်ခိုက်သည့် မူဝါဒမရှိကြောင်း ငြင်းဆိုထားသည်။
သတင်း-ဖရိန်း




Comments