top of page

မိုးညှင်းမြို့ရှိ ဆေးရုံ ၂ ခုကို စကစ နှစ်ရက်ဆက်တိုက် ဗုံးကြဲ

  • Writer: Pajau Media
    Pajau Media
  • 1 hour ago
  • 1 min read

ပါဂျောင်မီဒီယာ

၂၇ရက်၊ဇန္နဝါရီ၊၂၀၂၆။


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းရှိ ဆေးရုံ ၂ ခုကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်၊၊


ပြီးခဲ့သည့် ဇန္နဝါရီ ၂၅ ရက်နှင့် ၂၆ ရက်နေ့တွင် တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ လေယာဉ် ၂ စီးက မိုးညှင်းမြို့နယ်ရှိ ချောင်းဝဆေးရုံနှင့် တုံပင်ဆေးရုံကို ဗုံးကြဲတိုက်ခိုက်သွားသောကြောင့် ဆေးရုံအဆောက်အအုံများ ထိခိုက်ပျက်ဆီးမှုရှိခဲ့ကြောင်း သိရသည်။


ထို့အပြင် ထိုဂျက်ဖိုက်တာ လေယာဉ်သည် ဖားကန့်မြို့နယ်နှင့် အင်းတော်ကြီးဒေသ ပတ်ဝန်းကျင်နေရာများထိ ဆက်လက် ဗုံးကြဲတိုက်ခိုက်သွားသည်၊၊


လက်ရှိတွင် ကချင်ပြည်နယ်အတွင်းရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် နေရာနှင့် တပ်စခန်းများကို ပြန်လည်ရရှိရန်အတွက် စစ်တပ်က မြေပြင်ထိုးစစ်ဆင်နေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက်လုပ်ဆောင်လာကြောင်း သိရသည်။


စစ်တပ်က ရွေးကောက်ပွဲအလွန် ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသောကြောင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို ပိုမိုသတိထားသွားလာကြရန် တော်လှန်ရေးတပ်များက သတိပေးထားသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page