top of page

မြန်မာနိုင်ငံထဲက မြို့နယ်ပေါင်း ၆၁ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာထား

  • Writer: Pajau Media
    Pajau Media
  • Mar 6, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၆ရက်၊ မတ်လ၊ ၂၀၂၄ခုနှစ်။



၂၀၂၄ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ် မြို့နယ်နဲ့ မဘိမ်း မြို့နယ်၊ မတ်လ ၄ ရက်နေ့မှာ မန်တုံ၊ နမ့်ဆန်နဲ့ နမ္မတူ မြို့နယ်တွေကို စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် စစ်ကောင်စီက ကြေညာခဲ့ကြောင်း Data For Myanmar က ယမန်နေ့က ထုတ်ပြန်ထားပါသည်။


၂၀၂၁ ခုနှစ်မှာ ၈ မြို့နယ်၊ ၂၀၂၃ ခုနှစ်မှာ ၄၈ မြို့နယ်နဲ့ ၂၀၂၄ ခုနှစ်မှာ ၅ မြို့နယ် ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး၊ ၂၀၂၄ မတ်လ ၄ ရက်နေ့ထိ မြန်မာနိုင်ငံထဲက မြို့နယ်ပေါင်း ၆၁ မြို့နယ် မှာ စစ်အုပ်ချုပ်ရေး ကြေညာထားတာပါ။


၂၀၁၄ သန်းခေါင်စာရင်း အချက်အလက်တွေအရ အဲဒီမြို့နယ်တွေမှာ နေထိုင်သူ ၈.၂ သန်းကျော် ရှိပါတယ်။


Photo credit - Data for Myanmar

Comments


Pajau Media

Thanks for subscribing!

bottom of page