top of page

မြို့သစ်ရပ်ကွက် ယူနန်ဘုံကျောင်းလမ်းဆုံနေရာ၌ ကုန်တင်ထရပ်ကားနှင့် အိမ်စီးကားအဖြူတစ်စီး ယာဉ်တိုက်မှုဖြစ်

  • Writer: Pajau Media
    Pajau Media
  • Mar 5, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၅ရက်၊ မတ်လ၊ ၂၀၂၄ခုနှစ်။




ယနေ့ မတ်လ ၅ရက်နေ့ နံနက်ပိုင်း ၁၀နာရီဝန်းကျင်ခန့်တွင် မြို့သစ်ရပ်ကွက် ယူနန်ဘုံကျောင်း လမ်းဆုံနေရာ၌ ကုန်တင်ထရပ်ကားနှင့် အိမ်စီးကား voxyကားအမျိုးအစား ယာဉ်နှစ်စီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် အနီးပတ်ဝန်းကျင်ရှိ မျက်မြင်တွေ့ရှိသူက “ကုန်တင်ကားနဲ့ ကားအဖြူတိုက်ကြတာ လူတော့ ဘာမှမဖြစ်ဘူး၊ အိမ်စီးကားတော့ ကားအရှေ့ပိုင်း ကြေမွသွားတယ်။ ကားနှစ်စီးလုံးကိုတော့ ကရိန်းနဲ့ လာသယ်သွားကြပြီ” ဟု ပြောသည်။


ယင်းယာဉ်တိုက်မှုဖြစ်ပွားသည့် နေရာတွင် လမ်းဆုံလမ်းထောင့်နေရာဖြစ်သည့်အပြင် ယခုလို ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိသည့် နေရာဖြစ်သည်ဟု ဆိုသည်။



ယခုနှစ် ဇန္နဝါရီလအတွင်း တနိုင်ငံလုံးဆိုင်ရာ ယဉ်တိုက်မှုအကြိမ်ရေပေါင်း ၄၃၃ ကြိမ်ဖြစ်ပွားခဲ့ရာ ၂၃၆ ဦးသေဆုံးခဲ့ပြီး ၅၆၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Comments


Pajau Media

Thanks for subscribing!

bottom of page