top of page

လမ်းပိတ်ထားသောကြောင့် ဖားကန့်ဒေသတွင် ကြက်ဥတစ်လုံး ၂၀၀၀ ကျပ်ထိမြင့်တက်

  • Writer: Pajau Media
    Pajau Media
  • Aug 27, 2024
  • 1 min read

ပါ‌ဂျောင်မီဒီယာ

၂၇၊ ၈၊ ၂၀၂၄



ree

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစပ်ရှိ အင်းတော်မြို့တွင် တိုက်ပွဲများ ပြင်ထန်လျှက် ရှိသောကြောင့် ကားလမ်းပိတ်ထားသည့် အခြေအနေတွင် ဖားကန့်ဒေသ ကုန်ပစ္စည်းအဝင်များ မရှိကာ ကုန်စည်ဈေးနှုန်းတွေနဲ့ စက်သုံးဆီဈေးနှုန်းများ တစ်နေ့တစ်ခြား ပိုမြင့်တက်နေသည်ဟု ဖားကန့်ဒေသခံမှ ပါဂျောင်မီဒီယာသို့ ပြောလာပါသည်။


ကုန်စည်ဈေးနှုန်းနှင့် အတူ ဓာတ်ဆီဈေးနှုန်းများမှာ တစ်ပေပါလျှင် ကျပ် ၁၉ သိန်းကျပ် အထိ စျေးနှုန်းမြင့်တက်နေကြောင်း “စစ်ပွဲတွေလည်းဖြစ်၊ လမ်းတွေလည်းပိတ်၊ ဒီကြားထဲ ကုန်စျေးနှုန်းက အဆမတန်တက်၊ စျေးနှုန်းတက်တဲ့အပြင် ရှာဝယ်စားဖို့ တောင် မလွယ်တဲ့ အခြေအနေဆိုတော့ တော်တော်လေးကို ဒုက္ခရောက်ရပါတယ်ဗျာ” ဟု ဖားကန့်ဒေသခံ ကားသမားတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။


 “လမ်းတွေပိတ်တယ်။ အင်းတော်လမ်းလည်း ပိတ်သွားပြီ။ မန္တလေး-မြစ်ကြီးနားလမ်းလည်း ပိတ်ထားတယ်။ အစက အင်းတော်လမ်းက ဝင်သေးတယ်။ အခု ပစ္စည်းဘာမှမဝင်တော့ဘူး ။ ကြက်ဥတွေလည်း ရောင်းစရာမရှိဘူး။ အခု ကြက်ဥစျေးက တစ်လုံးကို ၂၀၀၀ တောင်ပေးဝယ်နေရတယ်။ ဒါ‌တောင်မလွယ်ဘူး။ ဈေးမှာလည်း ဘာမှမရှိဘူး။”ဟု ကုန်စိမ်းရောင်းသော ဒေသခံတစ်ဦးမှ ထပ်မံ ပြောပြလာပါသည်။


ဖားကန့်မြို့တွင်း ကုန်ဈေးနှုန်းများ မြင့်တက်နေပြီး ခရမ်းချဉ်သီး အစိတ်သားကို ၅၀၀၀ ကျပ်နဲ့ ကန်စွန်းရွက်တစ်စည်းကို ၂၅၀၀ ကျပ်၊ စလပ်ရွက် တစ်စည်းကို ၂၃၀၀ ကျပ် အထိမြင့်တက်နေကြောင်း ဆိုပါသည်။


လွန်ခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေမှ စတင်ကာ ကချင်ပြည်နယ်တစ်ခုလုံး Atom, MPT, Ooredoo,Mytel, ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ကာ ယခုဆိုလျှင် တစ်လကျော်ကြာမြင့်နေပြီဖြစ်သည်။ ရံဖန်ရံခါ ဖုန်းလိုင်းများ အနည်းငယ်ပြန်လည် ရရှိသော်လည်း အင်တာနက်ဖြတ်တောက်ထားသည်မှာ ယနေ့ထိတိုင်ဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page