top of page

ဝိုင်းမော်-ကန်ပိုင်တည်လမ်းပိုင်း ရက်အကန့်အသတ်မရှိ ပိတ်ပင်

  • Writer: Pajau Media
    Pajau Media
  • Feb 4
  • 1 min read

ပါဂျောင်မီဒီယာ

၄ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။


ဝိုင်းမော်မြို့မှ ကန်ပိုင်တည်မြို့သွားသည့် လမ်းပိုင်းများတွင် တိုက်ပွဲများကြောင့် ဖြတ်သန်းခွင့် ပိတ်ပင်လိုက်ပြီး၊ ခရီးသွားကားများ သွားလာသူမရှိ ကားလမ်းပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။


ယင်းလမ်းပိုင်းတွင် စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်ဖွဲ့များ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး ကုန်တင်ယာဉ်များနှင့် ခရီးသွားကားများအားလုံးကို ရက်အကန့်အသတ်မရှိ ဖြတ်သန်းခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။


ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယင်းလမ်းပိုင်းရှိ ပြည်သူ့စစ်ဂိတ်တစ်ခုကို KIA မှ သိမ်းပိုက်ထားသောကြောင့် ဖြတ်သန်းခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး၊ ကားများအားလုံးကိုလည်း ပြန်ခေါက်ခိုင်းခဲ့ကြောင်း သိရသည်။


လက်ရှိ ဝိုင်းမော်-လမြန်ဒေသဘက် စစ်ရေးတစ်ဖန် ပြင်းထန်နေပြီး စစ်တပ်က ဝိုင်းမော်ရှိ ခလရ (၅၈)နေရာနှင့် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နေရာများမှ လက်နက်ကြီးများ ပစ်ကူတိုက်ခိုက်ပေးနေသည်။


ယင်းအချိန်မှစ၍ KIO အစိုးရမှလည်း နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲပြန်လည်ပြင်းထန်နေခြင်းကြောင့် စစ်တပ်၏ လေကြောင်းရန် စိုးရိမ်ရသဖြင့် ခရီးသွားပြည်သူများ သတိဖြင့် သွားလာရန် သတိပေးထားခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၂၀)ရက်နေ့တွင်လည်း လမြန်ကျေးရွာနှင့် ဝူယန်ကျေးရွာတွင် တိုက်ပွဲရက်ဆက်၍ ဖြစ်ပွားခဲ့သည်။


လက်ရှိတွင် ကချင်ပြည်နယ် ဝိုင်းမော်-လမြန်အပါအဝင် ဗန်းမော်၊ ဖားကန့်နှင့် စစ်ကိုင်း-ကချင်အစပ်ရှိ ဗန်းမောက်၊ ကသာ၊ ရွှေကူနှင့် အင်းတော်ကြီးဒေသများတွင်လည်း စစ်ရေးတင်းမာပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page