ဝိုင်းမော်စစ်မျက်နှာဘက်မှ စစ်တပ်စခန်း ၄ ခုကို KIA သိမ်းပိုက်
- Pajau Media

- Feb 3
- 1 min read
ပါဂျောင်မီဒီယာ
၃ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး KIA ပူးပေါင်းတပ်များက စစ်ကောင်စီ တပ်စခန်း ၄ ခုထိ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။
ဝိုင်းမော်မြို့နယ် မိုင်းနား-ဝါရှောင်သွားလမ်းနေရာနှင့် လမြန်ရွာအနီးပတ်ဝန်းကျင်တွင် ယမန်နေ့ကတည်းက နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်တပ်နေရာယူထားသည့် မိုင်းနားဒေသက စစ်တပ်စခန်း ၂ ခုနှင့် လမြန်ဒေသက စစ်တပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေချိန် စစ်ကောင်စီက ခလရ (၅၈) နှင့် (မပခ) နေရာများမှ လက်နက်ကြီးများ ပစ်ကူမှုများရှိသလို လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်မှုလည်း ရှိခဲ့ကြောင်း သိရသည်။
လက်ရှိ ကချင်ပြည်နယ် ဝိုင်းမော်-လမြန်သာမက ဖားကန့်မြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သတင်း-ဖရိန်း




Comments