ဝိုင်းမော်-လမြန်တိုက်ပွဲ ယနေ့မှစ၍ တစ်ဖန်ပြင်းထန်လာ
- Pajau Media

- Feb 2
- 1 min read
ပါဂျောင်မီဒီယာ
၂ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။

ကချင်ပြည်နယ် ဝိုင်းမော်-လမြန်တိုက်ပွဲမှာ ယနေ့နံနက် အစောပိုင်း ၆ နာရီခန့်ကတည်းက နှစ်ဖက်ထိတွေ့ တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး လမြန်ရွာအနီး နန့်ရင်းချောင်းတွင် စစ်တပ် ခြေကုတ်နေရာယူထားသည့် တပ်စခန်း ၂ ခုကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။
လမြန်တိုက်ပွဲအတွင်း စစ်တပ်က ဝိုင်းမော်ရှိ ခလရ (၅၈)နေရာနှင့် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နေရာများမှ လက်နက်ကြီးများ ပစ်ကူတိုက်ခိုက်ပေးနေကြောင်း သိရသည်။
“ဒီမနက်ကစပြီး မြို့ပေါ်ကနေ လက်နက်ကြီးသံတွေနဲ့ သေနတ်သံတွေ ပြန်လည်ကြားနေရတယ်"ဟု မြစ်ကြီးနား ဒေသခံတစ်ဦးက ပြောသည်။
နှစ်ဖက်တပ်ဖွဲ့ကြား တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး စစ်တပ်၏ လေကြောင်းရန်ကို စိုးရိမ်ရသောကြောင့် ခရီးသွားပြည်သူများ သတိဖြင့်သွားလာကြရန် KIO အစိုးရက သတိပေးထားသည်။
လက်ရှိတွင် ကချင်ပြည်နယ် ဝိုင်းမော်-လမြန်အပါအဝင် ဗန်းမော်၊ ဖားကန့်နှင့် စစ်ကိုင်း-ကချင်အစပ်ရှိ ဗန်းမောက်၊ ကသာ၊ ရွှေကူနှင့် အင်းတော်ကြီးဒေသများတွင်လည်း စစ်ရေးတင်းမာပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။
သတင်း-ဖရိန်း




Comments