ဟူးကောင့်ဒေသ တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ဆေးရေးတင်းကြပ်နေ
- Pajau Media

- 3 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၇ရက်၊ဒီဇင်ဘာ၊၂၀၂၅။

ဟူးကောင့်ဒေသအတွင်း ထိတွေ့တိုက်ပွဲ ပြင်းထန်နေသောကြောင့် ကျေးရွာတွင်း စစ်ကောင်စီက ယခင်ထက် စစ်ဆေးမေးမြန်းခြင်းများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။
ယခုကဲ့သို့ ကျေးရွာတွင်း နေ့ညအချိန်ပြည့် စစ်ဆေးမေးမြန်းနေသောကြောင့် ဒေသခံများ သွားလာရေးနှင့် လုပ်ကိုင်စားသောက်ရေး အကြပ်အတည်းဖြစ်နေကာ ခက်ခဲနေကြကြောင်း သိရသည်။
KIAအမှတ်(၁၄)တပ်ရင်းဒေသဘက် ဒီဇင်ဘာလကတည်းက တိိုက်ပွဲပြင်းထန်နေသောကြောင့် စစ်ကောင်စီက ဟိုတယ်ခန်းများထိ လိုက်လံစစ်ဆေးနေကြောင်း သိရသည်။
တိုက်ပွဲကြောင့် တနိုင်းနှင့်အောင်လောဒ်ကျေးရွာသွား ရေလမ်းကြောင်းကိုလည်း ပိတ်ပင်ထားပြီး၊ တိန်ကော့ကျေးရွာတွင်လည်း ပြည်သူ့စစ်များမှ ဂိတ်စခန်းချကာ စစ်ဆေးမေးမြန်းနေကြောင်း ထပ်မံသိရသည်။
သတင်း- ထုဆိုင်း




Comments