အင်ဂျင်ဝိုင်မီးရှို့မှုကြောင့် ဆိုင်းတောင်တစ်မြို့လုံး အနံ့ဆိုးထွက်ရှိနေ
- Pajau Media

- 2 days ago
- 1 min read
ပါဂျောင်မီဒီယာ
၆ရက်၊ဖေဖော်ဝါရီ၊၂၀၂၆။
ကချင်ပြည်နယ်၊ ဖားကန့်-ဆိုင်းတောင်ကျေးရွာတွင် အင်ဂျင်ဝိုင်ချက်ရာမှ ထွက်ရှိလာသည့် အရည်များကို ဉရုချောင်းထဲ သွန်ချသောကြောင့် တစ်မြို့လုံး အနံ့ဆိုးများ ထွက်နေသည့်အပြင် အချို့မှာ အော့အန်မူးဝေခြင်းများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် အင်ဂျင်ဝိုင်မီးရှို့မှုကြောင့် တစ်မြို့လုံး အနံ့ဆိုးဖုံးလွမ်းသွားခဲ့ပြီး၊ ကျန်အရည်များကို ချောင်းထဲ သွန်ပစ်သောကြောင့်လည်း အော့အန်မူးဝေကာ မအီမသာ ဖြစ်ခဲ့ကြကြောင်း သိရသည်။
ဖေဖော်ဝါရီ ၅ ရက်နေ့ဖြစ်သည့် ယမန်နေ့သည် ကချင်တော်လှန်ရေးနေ့ဖြစ်သည့်အပြင် စစ်ကောင်စီက KIA ထိန်းချုပ်နယ်မြေများသို့ လေယာဉ်ဗုံး လိုက်လံဗုံးကြဲခဲ့သောကြောင့် ဒေသခံများမှာ အစပိုင်းတွင် စစ်ကောင်စီမှ ဓာတုငွေ့၊ ဓာတုဆေး ထုတ်လွှတ်လိုက်သည်ဟုထင်ကာ အားလုံးထိတ်လန့် ကြောက်ရွံ့သွားကြရသည်ဟု ဆိုသည်။
ယနေ့နံနက်ရောက်မှ အင်ဂျင်ဝိုင်ချက်ပြီး ချောင်းထဲသွန်ချထားသည့် အနံ့ဖြစ်ကြောင်း သိရသည်ဟု ဒေသခံများက ပြောသည်။
သတင်း - ထုဆိုင်း










Comments