top of page

အလုပ်လုပ်သား မရသည့်အခက်အခဲကြောင့် စီးပွားဖြစ်ခရမ်းချဥ်သီး တောင်သူများ အခက်အခဲဖြစ်

  • Writer: Pajau Media
    Pajau Media
  • Nov 30, 2023
  • 1 min read

ပါဂျောင်မီဒီယာ



၀ိုင်းမော်မြို့အတွင်း ခရမ်းချဥ်သီး စိုက်ပျိုးသူ တောင်သူသမားများ မျိုးစေ့၊မြေဩဇာ၊ပိုးသတ် ဆေး၊ ပေါင်းသတ်ဆေး၊မှိုသတ်ဆေးနှင့်စက်သုံးဆီစျေးနှုန်းများ ဈေးအဆမတန်မြင့်တက်မှု‌ဒဏ်ကို ဟင်းစိုက်တောင်သူများ အဓိကခံနေရပြီး၊ လုပ်သားမရသည့် အခက်အခဲလည်း ဖြစ်နေကြောင်း သိရသည်။


နိုင်ငံရေးအခြေအနေ မငြိမ်သက်မှုများကြောင့် ဖြစ်ပေါ်လာသော ကုန်စျေးနှုန်းနှင့် အလုပ်လုပ်သား ရှားပါးလာခြင်းကြောင့် ၀ိုင်းမော်ြမို့အတွင်းရှိ လယ်ယာလုပ်ကိုင်သူများနှင့် စီးပွားဖြစ်ခရမ်းချဥ်သီးစိုက်ပျိုးသူများ လုပ်သားမရသည့် အခက်အခဲပြသနာ ကြုံနေရသည်ဟု ဆိုသည်။


ခရမ်းချဥ်သီးစိုက်ပျိုးသူ ဦးဖြူစိုးအား လက်ရှိအခက်အခဲကိုမေးမြန်းရာ

 “အခုတော့လုပ်သားအခက်အခဲဖြစ်နေတယ်။ တစ်နေ့ ပုံမန်လုပ်ခ ၈၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ပေးပေမယ့် စပါးရိတ်သွားကြလို့ လူမရှိဘူး။ စပါးရိတ်တာ ၁၂၀၀၀ ရတယ်လေ” ဟု‌ပြောသည်။



၄င်းတို့မှာ ယခင်က စိုက်ပျိူးရာသီ တစ်ရာသီအတွင်း လုပ်သား များ ၃၀ဦးခန့်အထိ အလုပ်ပေးနိုင်သော်လည်း ယခုနှစ်ရာသီမှာ ၄ဦးမှ ၅ဦးခန့်အထိသာ အလုပ်ပေးနိုင်ပြီး၊ လုပ်ငန်းလည်ပတ်မှု အဆင်မပြေမှုများ ရှိနေသည်ဟု ဆိုသည်။


လက်ရှိ၀ိုင်းမော်မြို့အတွင်း နိုင်ငံရေးအခြေအနေ အကြပ်အတည်းများကြောင့် လယ်ယာလုပ်ကိုင်သူများနှင့် စီးပွားဖြစ်ခရမ်းချဥ်သီး စိုက်ပျိုးတောင်သူများမှာ လုပ်သားများအား အလု အယက် ခေါ်ယူကာ ရိတ်သိမ်းနေကြရကြောင်း သိရသည်။

   

နိုင်ငံရေးအခြေအနေ ကြပ်တည်းလာမှုနှင့် ကုန်စျေးနှုန်းမြင့်တက်လာမှုတို့ကြောင့် ယခင်ကခရမ်းချဉ်မျိုးထုပ် ၅၀ ထိစိုက်ပျိုးနိုင်သော်လည်း ယခုနှစ်တွင်ခရမ်းချဥ်မျိုးထုတ် ၅ ထုပ်အထိသာ စိုက်ပျိုးနိုင်တော့ကြောင်း စီးပွားဖြစ် ခရမ်းချဥ်သီးစိုက်ပျိုးတောင်သူ အထက်ပါက ပြောသည်။





Comments


Pajau Media

Thanks for subscribing!

bottom of page