top of page

ပူတာအို ရေခဲတောင် ဒေသတွင် ယခင်နှစ်ထက် ရေခဲ၊ နှင်း ပို၍ကျ

  • Writer: Pajau Media
    Pajau Media
  • Feb 2, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂ရက်၊ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။


ကချင်ပြည်နယ်၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် ပူတာအို ရေခဲတောင်ဒေသတွင် နှစ်ဆန်းပိုင်းမှာပင် ရေခဲနှင်းများ အလွန်ကျရောက် ဖုံးလွမ်းနေပြီဟု ခရီးသွားပြည်သူများက ပြောသည်။


"ခါတိုင်းနှစ်တွေထက် ဒီနှစ်အတွင်းမှာတော့ ရေခဲနှင်းတွေ ဆက်တိုက်ကိုကျနေတယ်၊ အရင်နှစ်မှာကျတော့ ရေခဲမြင်ရဖို့ဆိုရင် ဇီယာဒမ်းကနေ ၃ရက်ခရီးသွားရတာ ဒီနှစ်မှာတော့ ရေခဲတွေ့ချင်ရင် ဇီရာဒမ်းကနေ တစ်ရက်ခရီးသွားတာနဲ့ ရေခဲနှင်းဖုံးတဲ့နေရာရောက်ပြီ" ဟု တောင်တက်ခရီးသွား တစ်ဦးက ဆိုသည်။


ယခင်နှစ်များတွင်‌ ပူတာအိုမြို့မှ ရေခဲတောင်ခြေရွာဖြစ်သည့် ဇီယာဒမ်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ရက်ခရီးသွား၍ ထိုနေရာမှ ရေခဲဖုံးသည့် တောင်ထိပ်သို့ ၃ရက်ခရီး သွားရသည်ဖြစ်ရာ ယခုနှစ်တွင် ဇီယာဒမ်းကျေးရွာမှ ဖုန်ရင်ရေခဲတောင်ဘက် တစ်ရက်ခရီးသာရှိသည့် ခန်းတောက်မြှစ် စခန်းအထိပင် ရေခဲကျရောက်ပြီဟု ဆိုသည်။




နေ့ချင်းပြန် ခရီးတစ်ခုဖြစ်သည့် ခေါင်လန်ဖူးမြို့နယ် ဆန်းလွတ်ချက် တောင်ကြားလမ်းတလျှောက်‌တွင်လည်း ယခုနှစ်တွင် နှင်းများ ဆက်တိုက်ကျနေသည်ဟု ဆိုသည်။


ပူတာအိုဒေသတွင် ရေခဲတောင်တက် ခရီးသွားများ အများဆုံးသွားရောက်သည့် နေရာ၃နေရာရှိပြီး ၎င်းတို့မှာ ဖုန်ဂန်ရာဇီ၊ ဖုန်ရင်တောင်နှင့် ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ဒေသတို့ ဖြစ်သည်။


"ပူတာအိုမြို့မှာတော့ အရင်လကနေ နေ့တိုင်းလိုလို မိုးအုံ့၊ မိုးကျတယ်၊ ရေခဲတောင်ဘက်ကျတော့ ရေခဲနှင်းမိုးတွေ တနေကုန် ရွာကျနေတာပဲ"ဟု အထမ်းသမားတစ်ဦးမှ ပြောသည်။


ယခုနှစ် ဇန်နဝါရီလ အလယ်လောက်မှ စ၍ ရေခဲနှင်းများ နေ့တိုင်းလိုလိုပင် ကျနေပြီဖြစ်၍ ခါတိုင်းနှစ်များထက် ရေခဲပိုထူထပ်လာကြောင်း တောင်တက်ခရီးသွား လုပ်ငန်းများက ဆိုသည်။


ပူတာအိုဒေသသည် ဒီဇင်ဘာလမှ မေလကုန်အထိ ရေခဲတောင်တက် ခရီးသွားလုပ်ငန်းများ စည်ကားသည့် ဒေသတစ်ခုလည်း ဖြစ်သည်။


သတင်း- မလိခူး



Comments


Pajau Media

Thanks for subscribing!

bottom of page