လန်ဆယ်တိုက်ပွဲအတွင်း စစ်တပ်က အစာခြောက်နှင့် မူးယစ်ဆေးဝါး အသုံးပြုတိုက်ခိုက်
- Pajau Media
- 5 days ago
- 1 min read
ပါဂျောင်မီဒီယာ
၂၄ရက်၊ စက်တင်ဘာ၊ ၂၀၂၅။
လက်ရှိ စစ်ကောင်စီ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် လန်ဆယ်ဒေသတိုက်ပွဲတွင် စစ်ကောင်စီက ရှေ့တန်းရောက် စစ်တပ်ဘက်မှ တပ်သားများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို ထမင်းမကြွေးဘဲ အစာခြောက်နှင့် မူးယစ်ဆေးဝါးများသာကြွေးပြီး စစ်တိုက်ခိုင်းနေကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရသည်။
လန်ဆယ်ဒေသတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်များက ပြီးခဲ့သည့် စက်တင်ဘာ ၁၉ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်ခဲ့ရာ ယနေ့ထိ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်သည်။
ထို့သို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အင်အားအလုံးအရင်းနှင့် လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့သောကြောင့် စက်တင်ဘာ ၂၁ရက်နေ့တွင် KIAက ကာကင်းစခန်းကုန်းတစ်ခု လက်လွတ်ခဲ့ရပြီး KIAဘက်မှ တန်ပြန်ထိုးစစ်ဆင်ခဲ့သောကြောင့် ၎င်းကာကင်းကုန်းကို ပြန်လည်သိမ်းယူနိင်ခဲ့သည်။
စစ်ကောင်စီတပ်များ၏ လန်ဆယ်ဒေသရရှိရေးအတွက် လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေသောကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုလည်း ရှိနေသည်။
သတင်း- ဖရိန်း
Comments