top of page

1027 စစ်ဆင်ရေး ဒုတိယလိုင်း ထောက်ခံကြောင်း အညာဒေသပြည်သူများ ဆန္ဒပြ

  • Writer: Pajau Media
    Pajau Media
  • Sep 2, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၊ ၉၊ ၂၀၂၄။




စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတယလိုင်းကို ကြိုဆိုကြောင်းနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်တဖွဲ့များအား ထောက်ခံကြောင်း ဩဂုတ်လ ၃၁ ရက်နေ့က အညာဒေသပြည်သူများ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ပါသည်။


ထိုဆန္ဒပြသခြင်းသည် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်သည့်သပိတ်ဖြစ်ပြီး တိုင်းရင်းသား တော်လှန်ရေးတပ်များကို ကြိုဆိုထောက်ခံကြောင်းနှင့် တော်လှန်ရေး အင်အားစုများနှင့်အတူ ရပ်တည်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူက ဆိုပါသည်။


ထို့ပြင် မြန်မာပြည်သူလူထုကို သတ်ဖြတ်နေသည့် ဖက်ဆစ်ရာဇဝတ်ကောင်များအား ထောက်ပံ့မှုကို ရပ်တန့်ပေးရန် တရုတ်အစိုးရကို တိုက်တွန်းသော ကြွေးကြော်သံများကိုလည်း ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။


လက်ရှိတွင် ရှမ်းမြောက်ပိုင်း TNLA မှစတင်သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလိုင်းပြင်းထန်နေသည့်အပြင် စစ်ကောင်စီဘက်မှ တပ်စခန်းများမြို့များ များစွာ လက်လွတ်ဆုံးရှုံးနေရပါသည်။ ထိုစစ်ဆင်ရေးအတွင်း ကချင်ပြည်နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းဒေသများတွင် တော်လှန်ရေးအင်အားစုများဖြစ်သည့် TNLA,KIA,သက်ဆိုင်ရာနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းကာ စစ်ကောင်စီနှင့်တိုက်ပွဲများ ယနေ့အချိန်ထိ ပြင်းထန်နေဆဲရှိသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page