top of page

KBC ဥက္ကဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်မြောက်လာ

  • Writer: Pajau Media
    Pajau Media
  • Apr 17, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၇ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။


ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်(KBC)၏ ဥက္ကဌဟောင်းဖြစ်သည့် ဒေါက်တာခလမ်ဆမ်ဆွန်ဟာ မြန်မာနှစ်သစ်ကူးဖြစ်သည့် ယနေ့ ဧပြီလ ၁၇ရက်နေ့တွင် စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီ ဖြစ်သည်။


စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများ အများအပြားကို လွှတ်ပေးခဲ့ရာ မြစ်ကြီးနား အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ဒေါက်တာ ခလမ်ဆမ်ဆွန်လည်း ပါဝင်ခဲ့ခြင်း ဖြစ်သည်။


ဒေါက်တာခလမ်ဆမ်ဆွန်သည် ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ ၅ရက်နေ့တွင် ကျန်းမာရေးအတွက် ဆေးစစ်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက်ရန်ပြင်နေချိန် မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။


ဒေါက်တာခလမ်ဆမ်ဆွန်သည် တရားရုံးမှ ပုဒ်မ သုံးခုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရခြင်းဖြစ်ပြီး၊ ပုဒ်မ ၁၇(၁)နှင့် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅-ကနဲ့ ထောင်ဒဏ် ၁ နှစ်အပြင် ပုဒ်မ ၅၂(က)နှင့် ထောင်ဒဏ် ၃နှစ် စသည်ဖြင့် စုစုပေါင်း ထောင်ဒဏ် ၆နှစ်တို့ကို ချမှတ်ခံထားရသူ ဖြစ်သည်။


ပုံ - KBC




Comments


Pajau Media

Thanks for subscribing!

bottom of page