top of page

KIA စစ်ဦးစီးချုပ် ရုတ်တရက် ကွယ်လွန်ခြင်းသည် အဖိနှိပ်ခံ မြန်မာပြည်သူများအတွက် ဆုံးရှုံးမှုတစ်ခု ဖြစ်ကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • May 15, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၅ရက်၊ မေလ၊၂၀၂၄ခုနှစ်။


ညီနောင်မဟာမိတ်(၃)ဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစစ်ချုပ် အမှတ်(၁) စစ်ဒေသ ဒုတိယဗိုလ်ချုပ်ကြီး ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး၏ ကချင်အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကာလအတွင်း အနစ်နာခံ ပေးဆပ်စွန့်လွတ်မှု လုပ်ဆောင်ချက်များအား လေးနက်စွာ တန်ဖိုးထား ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ယနေ့ မေလ ၁၅ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။


KIA စစ်ဦးစစ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး Rukhkyawng Hkawng Lum သည် ကချင်ပြည်နှင့် ကချင်လူမျိုးများ လွတ်မြောက်ရေး၊ မြန်မာပြည်သူ လူထုတစ်ရပ်လုံး စစ်အာဏာရှင် စနစ်အောက်မှ လွတ်မြောက်ရေးတို့အတွက် တော်လှန်ရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေရင်း ၂၀၂၄ခုနှစ် မေလ ၁၃ရက်နေ့ ညနေ၆နာရီအချိန်ခန့်တွင် အသည်းရောဂါဖြင့် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့၌ ရုတ်တရက် ကွယ်လွန်သွားကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။


ထို့အပြင် ကချင်ပြည်နှင့် ကချင်လူမျိုးများအတွက် ကြိုးပမ်းနေကြသည့် တော်လှန်ရေးလမ်းခုလတ်တွင် စစ်ဦးစစ်ချုပ် ယခုကဲ့သို့ ရုတ်တရက် ကွယ်လွန်သွားခြင်းသည် အဖိနှိပ်ခံ မြန်မာပြည်သူလူထုနှင့် ကချင်ပြည်၊ ကချင်လူမျိုးများအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်းလည်း ထပ်မံ ဖော်ပြထားသည်။


ဒုတိယဗိုလ်ချုပ်ကြီးသည် ၁၉၆၃ခုနှစ် ဇန်နဝါရီလတွင် မွေးဖွားခဲ့သူ ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်၏ ဖေ့စ်ဘုတ်စာမျက်နာတွင် ရေးသားဖော်ပြချက်အရ သိရပြီး၊ ၁၉၈၈ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကာလ နောင်းပိုင်းကတည်းက KIAတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း ညီနောင်၃ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။


ဒုဗိုလ်ချုပ်ကြီးသည် တာဝန်များကို အားသွန်ခွန်စိုက် တစိုက်မတ်မတ် ထမ်းဆောင်ခဲ့ကာ ဘေ့စ်ဂီတာတီးခတ်သော ဂီတအနုပညာရှင်တစ်ဦး ဖြစ်သကဲ့သို့ ဟာသပြောတတ်သော ကချင်ဗိုလ်ချုပ်များထဲမှ တစ်ဦးဖြစ်ပြီး လူချစ်လူခင် ပေါများသောသူတစ်ဦး ဖြစ်ကြောင်း၊ တာဝန်ခံမှု၊ တာဝန်ယူမှု ကောင်းသော ဗိုလ်ချုပ်ဖြစ်ကြောင်းနှင့် ကယ်လွန်ချိန်တွင် အသက် ၆၂နှစ်သာ ရှိသေးကြောင်း သိရသည်။





Comments


Pajau Media

Thanks for subscribing!

bottom of page