top of page

KIA ဌာနချုပ် လိုင်ဇာဒေသ ရေကြီးရေလျှံမှု

Writer: Pajau Media
Pajau Media
Aug 5, 2025
1 min read

ပါဂျောင်မီဒီယာ

၅ရက်၊ဩဂုတ်၊၂၀၂၅။



“ရေကတော့ ကျသွားပြီ။ ဂျေယန်ကနေ အလဲန်ဘွမ့်ထိတော့ လမ်းတွေ ပျက်စီးသွားတးယ်။ တံတားတွေလည်း ပျက်စီးကုန်တယ်။ ဂျာထူကောင် စစ်ရှောင်စခန်းကတော့ တော်တော်ထိတယ်ဗျ။ လူတော့ ထိခိုက်မှုမရှိဘူး။ တိတိကျကျ မသိသေးဘူး။” လိုင်ဇာဒေသခံတစ်ဦးက ပြောသည်။


ယမန်နေ့ နံနက်အစောပိုင်းမှစပြီး KIA ဌာနချုပ် လိုင်ဇာဒေသ ရေကြီးရေလျှံမှုမှာ ညနေပိုင်းတွင် တစ်ဖြည်းဖြည်း ကျဆင်းလာပြီဖြစ်ပေမယ့် လမ်းပျက်စီးမှုမှာ ဆိုးဆိုးဝါးဝါး ဖြစ်ပွားခဲ့ပြီး ရေစီးနှင့်အတူ နေအိမ်၊ကား မျောပါသွားခြင်းနှင့် တရုတ်ဘက်မှကာထားသည့် နယ်စပ်ခြံစည်းရိုးများလည်း ပျက်စီးသွားခဲ့ပြီဖြစ်သည်။


လက်ရှိမှာတော့ KIA ရဲဘော်များနှင့် ပြည်သူများမှ ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ဆိုသည်။


ဓါတ်ပုံသတင်း - ရောင်နီ


Comments


Pajau Media

Thanks for subscribing!

bottom of page