တစ်လကျော်ကြာ ပိတ်ပင်ထားသည့် ဖားကန့်လမ်း ယနေ့ပြန်ဖွင့်
- Pajau Media

- 3 hours ago
- 1 min read
ပါဂျောင်မီဒီယာ
၂၇ရက်၊ မေလ၊ ၂၀၂၆။

KIA ဘက်က စစ်ရေးအခြေအနေကြောင့် ဧပြီလ ၂၂ နေ့မှ စပြီး ပိတ်ပင်ထားသည့် ဖားကန့်၊ နန့်ယား၊ ကားမိုင်း လမ်းပိုင်းကို ယနေ့ မေလ ၂၇ ရက်နေ့တွင် ပြန်လည် ဖွင့်ပေးလိုက်ပြီဟု ဖားကန့်ဒေသခံများထံမှ သိရသည်။
ထိုလမ်းပိုင်းကို ဖားကန့်မြို့ ကုန်စည်အဝင်အထွက်နှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းဖွင့်ချိန် သွားလာနိုင်ရန်အတွက် ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
ဖားကန့်၊ နန့်ယား၊ ကားမိုင်း လမ်းပိုင်းကို KIA ဘက်မှ တရားဝင် ဖွင့်ပေးခြင်းမျိုးမရှိသော်လည်း မေလ ဒုတိယအပတ် လောက်မှစပြီး စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ကားကြီး၊ ကားသေးများနှင့် ဈေးသည်အချို့များမှာ ဆိုင်ကယ်များဖြင့် စတင်သွားလာနေကြကြောင်း သိရသည်။
ထိုလမ်းပိုင်းကို စစ်ကောင်စီဘက်က ထိန်းချုပ်ထားပြီး ဖားကန့်မြို့သို့ စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေသောကြောင့် လမ်းပိုင်းအတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားကာ ကားလမ်းပြန်လည် ပိတ်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
သတင်း - ဇော်




Comments