top of page

ရွှေကူဒေသ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ

  • Writer: Pajau Media
    Pajau Media
  • May 28
  • 1 min read

ပါဂျောင်မီဒီယာ

၂၈ရက်၊မေလ၊၂၀၂၆။


KIAအမှတ် ၁၁ တပ်မဟာ၊ အမှတ် ၁၂ တပ်ရင်းနယ်မြေ ရွှေကူဒေသတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။


‌ယမန်နေ့ မေလ၂၇ရက်နေ့ နေ့လယ်၁နာရီအချိန်ခန့်ကတည်းက မန္တလေးကားလမ်းမကြီးပေါ်ရှိ မာနားလေးကျေးရွာ ဝန်းကျင်အနီး KIAပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။


ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေချိန် စစ်ကော်မရှင်တပ်ဖွဲ့က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်မှလည်း စစ်ကြောင်းထိုးကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ရွှေကူဒေသတွင် မေလဆန်းကတည်းက KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်ဖွဲ့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားလာခြင်းမှာ လက်ရှိအချိန်ထိ ဖြစ်ပြီး နှစ်ဖက်စစ်ရေးမှာ အပြန်အလှန် တင်းမာနေကြဆဲ ဖြစ်သည်။


သတင်း- ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page