top of page

KIA ပူးပေါင်းတပ်ဖွဲ့မှ ဗန်းမော်မြို့တွင်ကျန်ရှိနေသော စကခ(၂၁)ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်လျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • May 27, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၇ရက်၊မေလ၊၂၀၂၅။




ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲ အပြီးသတ်သိမ်းပိုက်နိုင်ရန်အတွက် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ပူးပေါင်းတပ်များက ယနေ့နံနက်အစောပိုင်းအချိန်မှစပြီး တကျော့ပြန်လည်ထိုးစစ် အရှိန်မြှင့်တင် တိုက်ခိုက်နေသည့်အပြင် စကခ(၂၁)ခံစစ်ယူထားသည့် နေရာအချို့ကိုလည်း တိုက်ခိုက်သိမ်းယူနိုင်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရသည်။


“ဒီဗန်းမော်မြို့သိမ်းတိုက်ပွဲကို မနှစ်ကတည်းကစပြီး တိုက်ခိုက်လာတာ ခုဆို၆လနီးပါးရှိလာပြီ ဒီမနက်ကနေတော့ အပြီးသတ်သိမ်းပိုက်နိုင်အောင် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။


ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၄ရက်နေ့တွင် စတင်တိုက်ခိုက်လာခဲ့ရာ တိုက်ပွဲကာလ ၆လနီးပါးရှိလာပြီဖြစ်ပြီး စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ(၂၁) အပါအဝင် ကျန်ရှိနေသေးသည့် တပ်စခန်းများကိုလည်း သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။


မေလ၂၇ရက် နံနက်၄နာရီအချိန်ခန့်မှစပြီး စကခ(၂၁)ဝန်းကျင်၌တိုက်ပွဲတစ်ဖန်ပြင်းထန်လာရာ စစ်ကောင်စီတပ်များ နေရာယူထားသည့် ဝင်းလိုက်ဟိုတယ်ကို KIAပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။


စစ်ကောင်စီတပ်များမှာ လက်ရှိသိမ်းယူထားနိုင်သည့် ဝင်းလိုက်ဟိုတယ်အပေါ်ထပ်မှ ဒရုန်းများ၊ စနိုက်ပါများနှင့် ပြပစ်ခတ်တိုက်ခိုက်ကူညီလျက်သည်။ KIAပူးပေါင်းတပ်ဖွဲ့မှ ကျန်ရှိနေသေးသည့် တပ်စခန်းများကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရန် ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်သည်။


စစ်ကောင်စီတပ်များမှာ ဗန်းမော်မြို့ မကျဆုံးရေးအတွက် လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် အပြင်းထန် ခုခံတိုက်ခိုက်လျက်ရှိရာ ယနေ့ပြန်လည်ထိုးစစ်ဆင်တိုက်ပွဲတွင် ရာသီဉတုအခြေနေကြောင့် လေကြောင်းတိုက်ခိုက်မှု မရှိသေးကြောင်းသိရ သည်။


KIAပူး‌ပေါင်းတပ်များသည် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၆လတာအတွင်း စစ်ကောင်စီတပ်များ၏ အရေးပါသော စစ်ံဌာနချုပ်များနှင့် တပ်စခန်းအများစုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် သံချပ်ကာယာဉ်၊ တင့်ကားနှင့် ရဟတ်ယာဉ်များကိုလည်း ပစ်ခတ်ဖျက်စီးနိုင်ခဲ့ကြောင်းလည်း သိရသည်။


သတင်း - ပီလမ့်အူ၊ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page