top of page

KIA ပူးပေါင်းတပ်ဖွဲ့မှ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ထိုးစစ်ဆက်လက်အရှိန်မြှင့်တင်လျက်ရှိ

  • Writer: Pajau Media
    Pajau Media
  • Mar 10, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၀ရက်၊မတ်လ၊၂၀၂၅။




ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စကခ(၂၁)နှင့် ကျန်ရှိနေသေးသည့် တပ်စခန်းများကို ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)က မတ်လ၈ရက်နေ့ နံနက်၅နာရီအချိန်မှစပြီး တစ်ဖန်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။


စကခ(၂၁)၊ ခလရ(၄၇)တပ်နှင့် တက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားသည့် တပ်စခန်းများကို KIAပူးပေါင်းတပ်ဖွဲ့က တစ်ချိန်ထဲတွင် တစ်ပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်းနှင့် စစ်ကောင်စီမှလည်း လေယာဉ်၊ဒရုန်းများဖြင့် ဆက်တိုက် ပစ်ခတ်နေဆဲဖြစ်ကြောင်း သိရသည်။


“တမြန်နေ့ကနေ ဒီနေ့အထိ ဆက်တိုက်တိုက်နေကြတယ်။ ပြင်းပြင်းထန်ထန်ပဲ။ ဟိန်းအောင်ဆိုတဲ့ ဆီပန့်ဆိုင်လည်း မီးလောင်သွားပြီလို့ ပြောတယ်။ အဲဒီဆိုင်က စကခ(၂၁)နဲ့ နီးတယ်လို့ပြောတယ်။ စစ်သားတွေလဲ အဲဒီဆိုင်မှာပဲ ခိုအောင်းနေကြတာ ဟုတ်တယ်။” ဟု ဒေသခံရပ်မိရပ်ဖတစ်ဦးက ပြောသည်။


(၃)လကျော်ကြာ တိုက်ခိုက်နေသည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လေယာဉ်နှင့် ဒရုန်းများဖြင့် အင်တိုက်အားတိုက်နေ့စဉ်ပစ်ခတ် ခုခံတိုက်ခိုက်နေခဲ့သော်လည်း စကခ(၂၁)၏ ကာကင်းစခန်းအချို့ကို KIAဘက်က တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရသည်။


တစ်ဖက်တွင်လည်း စစ်ကောင်စီလက်အောက်ခံ ဝါရာဇွပ် မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့က တနိုင်း-လီဒိုလမ်းမကြီးတစ်လျှောက် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေပြီး KIAတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။


သတင်း -ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page