top of page

KIA သိမ်းပိုက်ထားသည့် လန်ဆယ်ဒေသကိုပြန်လည်ရရှိရန် စစ်ကောင်စီမှ ခေါင်လန်ဖူးဒေသတွင် စစ်အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေ

  • Writer: Pajau Media
    Pajau Media
  • Jul 18, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၈ရက်၊ဇူလိုင်၊၂၀၂၅။



ခေါင်လန်ဖူးပြည်သူ့စစ်နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များမှာ ပြီးခဲ့သည့် ဇွန်လကတည်းက ခေါင်လန်ဖူးဒေသဘက်သို့ စစ်အင်အားဖြည့်တင်းနေကြပြီး၊ ဇူလိုင်လအရောက်တွင် ခေါင်လန်ဖူးနှင့် လန်ဆယ်အကြားနေရာများတွင် စစ်ကြောင်းလှုပ်ရှား မှုများ လုပ်ဆောင်နေကြောင်း သိရသည်။


စစ်ကောင်စီက လန်ဆယ်ဒေသကို လက်လွှတ်ရပြီးနောက် ခေါင်လန်ဖူးဒေသဘက်သို့ စစ်အင်အားရာချီ ဖြည့်တင်းထားပြီး၊ ဇူလိုင်လမှစတင်ကာ KIAသိမ်းပိုက်ပြီးသည့် ဒေသအနီးတစ်ဝိုက်သို့ စစ်ကြောင်းထိုးလှုပ်ရှားနေသည်ဟု ဆိုသည်။


ယခုကဲ့သို့ စစ်ကြောင်းထိုးလှုပ်ရှားလာသောကြောင့် လန်ဆယ်အနီးရှိ KIAသိမ်းပိုက်ထားသည့် လားဟူဆဲဒေသတွင် စစ်ကြောင်းထိုးလာသည့် ခေါင်လန်ဖူးပြည်သူ့စစ်များနှင့် KIAပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။


စစ်ကောင်စီက တန်ဂူးတန်ပြည်သူ့စစ် တပ်ဖွဲ့များလက်လွှတ်ခဲ့ရသည့် လန်ဆယ်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ရန် လေကြောင်းဖြင့် လက်နက်သယ်ယူ ကူညီနေသည်ကြောင်း စစ်ရေး သတင်းရင်းမြစ်တစ်ချို့တွင်ဖော်ပြကြထားသည်။


လန်ဆယ်ဒေသကို ပြီးခဲ့သည့် ၂၀၂၄ခုနှစ် အောက်တိုဘာလတွင် KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းယူထားခြင်းဖြစ်ပြီး၊ စစ်ကောင်စီမှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ပူတာအိုလမ်း ဆွမ်ပီယန်ဒေသ၊ လုံရှာယန်ဒေသများတွင် စစ်အင်အားဖြည့်တင်း လှုပ်ရှားနေကြောင်းသိရသည်။


သတင်း-ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page