top of page

KIAက ကြားဖြတ်တိုက်ခိုက်သောကြောင့် ရွှေကူသို့ ပြန်ဆုတ်သွားသည့် စစ်သင်္ဘော ဆက်လက်ဆန်တက်ခြင်းမရှိ ရပ်ဆိုင်းနေ

  • Writer: Pajau Media
    Pajau Media
  • Jul 31, 2025
  • 1 min read

ပါဂျောင်မီဒီယာ

၃၁ရက်၊ ဇူလိုင်၊ ၂၀၂၅။


ဗန်းမော်မြို့သို့ စစ်လက်နက်ရိက္ခာများ ဖြည့်တင်းရန် ကြိုးပမ်းလာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောများကို KIA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နောက်ပြန်ဆုတ်ခွာပြီးနောက် ရွှေကူမြို့မှ ဆက်လက်ဆန်တက်လာခြင်း မရှိသေးကြောင်း စစ်ရေးသတင်းရင်းမြစ်များ ပြောဆိုချက်အရ သိရသည်။


ပြီးခဲ့သည့် ဇူလိုင်၂၇ ရက်နေ့တွင် ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဆက်လက်ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုများကို KIA ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်သင်္ဘောအချို့ ထိခိုက်မှုရှိခဲ့ပြီး၊ ရွှေကူဘက် ပြန်ဆုတ်ခွာသွားကြောင်း သိရသည်။


လက်ရှိမှာတော့ ကျန်ရှိနေသော စစ်သင်္ဘောအုပ်စုများမှာ ရွှေကူမြို့အနီးတွင်သာ ရပ်ဆိုင်းနေပြီး ဗန်မော်မြို့သို့ ဆက်လက်ဆန်တက်ခြင်းမရှိ ရပ်ဆိုင်းနေသည်။


စစ်ကောင်စီ၏ စစ်သင်္ဘောများ ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်နေသောကြောင့် မြစ်ကြောင်းပေါ်တွင် နေထိုင်နေသော ပြည်သူများ သတိထားနေထိုင်ကြရန်နှင့် ကြိုတင်တိမ်းရှောင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များက သတိပေးစာများ ထုတ်ပြန်ခဲ့ကြသေးသည်။


သတင်း-ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page