top of page

KIAထိန်းချုပ်နယ်မြေတွင်း မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းများ ပိုမိုလုပ်ဆောင်လာ

  • Writer: Pajau Media
    Pajau Media
  • Jan 23
  • 1 min read

ပါဂျောင်မီဒီယာ

၂၃ရက်၊ဇန္နဝါရီ၊၂၀၂၆။


ကချင်ပြည်တွင်း KIA ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားသည့် နယ်မြေများတွင် KIO လမ်းစဉ်ဖြင့် အုပ်ချုပ်လာရာ ကချင်တစ်မျိုးသားလုံးအတွက် ဘုံရန်သူဖြစ်သည့် မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း တင်းကြပ်စွာ လုပ်ဆောင်နေကြောင်း သိရသည်။


KIO ထိန်းချုပ်နယ်မြေတွင်း မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်းများ ဒေသခံတစ်ဦး ပြောပြချက်အရ “အခုက KIA ဂိတ်တွေတိုင်းမှာ မူးယစ်ဆေးဝါး စစ်ဆေးတယ်၊ လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း မသင်္ကာသူတွေဆို လွယ်အိတ်တွေထိ စစ်တယ်။ တွေ့တာနဲ့ ဖမ်းတယ်။ နန်ဇော်ဂိတ်တွေမှာဆို အရမ်း စစ်ဆေးနေကြတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။


ပန်ဝါဒေသတွင်လည်း KIAအစိုးရလမ်းစဉ်ဖြင့် ဒေသတွင်း ပညာပေးဟောပြောခြင်းများ ပုံမှန်လုပ်ဆောင်နေခြင်းကြောင့် ယင်းဒေသတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ သိသိသာသာ လျော့နည်းလာကြောင်း သိရသည်။


ယခင်က မူးယစ်ကင်းစင်ရေးအတွက် အသင်းတော်နှင့် လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေးများ ပူးပေါင်းကာ မူးယစ်တိုက်ဖျက်ရေး လုပ်ဆောင်ခြင်းအား အားသွန်ခွန်စိုက် ပြုလုပ်ခဲ့ကြသည်။


သို့သော် ယခုနောက်ပိုင်း မူးယစ်တိုက်ဖျက်ရေးအား ယခင်လို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သောကြောင့် လက်ရှိ အစိုးရထိန်းချုပ် နယ်မြေများဖြစ်သည့် မြစ်ကြီးနားမြို့ကြီးများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူမှာ ပေါ်ပေါ်ထင်ထင် ပိုမိုများပြားလာကြသည်။


သတင်း - ပီလမ့်အူ


Comments


Pajau Media

Thanks for subscribing!

bottom of page