KIAထိန်းချုပ်နယ်မြေတွင် အောက်တိုဘာလအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ (၂၈)ဦးထိ ဖမ်းဆီးအရေးယူနိုင်
- Pajau Media

- Nov 11
- 1 min read
ပါဂျောင်မီီဒယာ
၁၁ရက်၊ နိုဝင်ဘာ၊ ၂၀၂၅။
လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့နှင့် KIOမူးယစ်ဆေး တိုက်ဖျက်ရေးအဖွဲ့များ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်လာရာ အောက်တိုဘာလအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ (၂၈)ဦးနှင့်အတူ ဆေး၊ ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်ရောင်းဝယ်သူများထဲမှ ရာမ(၃၈၉)လုံး၊ ဘိန်းဖြူ (၉)ဘူးနှင့် မူးယစ်သုံးစွဲချိန် အသုံးပြုသည့် ပစ္စည်းများ၊ ပိုက်ဆံများစွာကို ဖမ်းဆီးရမိပြီး၊ သက်ဆိုင်သည့် တာဝန်ရှိသူများထံ လွဲအပ်ထားပြီးဖြစ်ကြောင်း သိရသည်။
ဖားကန့်ဒေသတွင်လည်း မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မူးယစ်သုံးစွဲသူ (၁၄)ဦး၊ ရောင်းဝယ်သူ (၉)ဦးတို့ကို ဖမ်းဆီးထားပြီး၊ ရာမ(၄၉၁၈)လုံး၊ ရာမထုတ် (၁၇)ထုတ်၊ ဘိန်းမဲ၊ ဘိန်းဖြူ ပိုက်သေး(၅)၊ ပိုက်ကြီး(၈)နှင့်အတူ ဖုန်း၊ ဆိုင်ကယ်၊ ပိုက်ဆံများကို ဖမ်းဆီးနိုင်ခဲ့သည်။
KIOအစိုးရက မူးယစ်ဆေးဝါးကို အမျိုးသားအားလုံးအတွက် ဘုံရန်သူအဖြစ် သတ်မှတ်ကာ မူးယစ်တိုက်ဖျက်လာခြင်းကြောင့် ဖမ်းဆီးအရေးယူခြင်းများ လစဉ် ဆောင်ရွက်လာခဲ့ရာ အောက်တိုဘာလတွင် (၂၈)ဦးထိ ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။ ထို့အပြင် မူးယစ်တိုက်ဖျက်ရေး ကော်မတီမှလည်း ပြည်သူလူထုများ၊ လူငယ်လူရွယ်များ မူးယစ်ဆေးဝါး အလွန်အကျွဲသုံးစွဲသူလျော့နည်းလာစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
သတင်း - ပီလမ့်အူ









Comments