KIAအမှတ်(၉)တပ်မဟာနယ်မြေ၊ ဖားကန့်ဒေသအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းထိုးလှုပ်ရှားမှုများလုပ်ဆောင်နေ
- Pajau Media
- 1 day ago
- 1 min read
ပါဂျောင်မီဒီယာ။
၅ရက်၊ဇွန်လ၊၂၀၂၅။
KIAအမှတ်(၉)တပ်မဟာဒေသဖြစ်သည့် ဖားကန့်မြို့မှ မဇွပ်ယာန်ကျေးရွာနှင့် ကုဍေမှော်ကျေးရွာအနီးတွင် ယနေ့နံနက်အစောပိုင်းအချိန်မှစပြီး စစ်ကောင်စီတပ်ဖွဲ့များက သေနတ်ပစ်ဖောက်ကာ စစ်ကြောင်းထိုးဝင်ရောက်လာနေကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းများမှာ မှော်စီစာကျေးရွာမှ စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် အမှတ်(၂၆)တပ်ရင်းဒေသဖြစ်သည့် မိုးညှင်းမြို့နယ်၊ ဟဲပါးကျေးရွာအနီးဝန်းကျင်တွင်လည်း ဇွန်၄ရက်နေ့ ညနေ၅နာရီအချိန်ကတည်းက စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုး လှုပ်ရှားလာသောကြောင့် KIAတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဟဲပါးကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ဗုံးလာရောက်ကြဲချသောကြောင့် အရပ်သားနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ရသော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။
လတ်တလော KIAအမှတ်(၉)တပ်မဟာနယ်မြေ၊ ဖားကန့်ဒေသအတွင်း စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်နေသောကြောင့် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။
သတင်း - ထုဆိုင်း
Comments