top of page

KIO ဌာနချုပ်က(၆)လတာအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆောင်ရွက်ရာတွင် မူးယစ်မှု(၂၀၀)ကျော်နှင့်သုံးစွဲသူ(၂၀၀)ကျော်ကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့

  • Writer: Pajau Media
    Pajau Media
  • Jul 12
  • 1 min read

ပါဂျောင်မီဒီယာ။

၁၂ရက်၊ဇူလိုင်လ၊၂၀၂၅။



KIOဌာနချုပ်နေရာတွင် ဌာနချုပ်အစိုးရ ဦးဆောင်မှုဖြင့် ယခုနှစ်(၆)လတာကာလအတွင်း မူးယစ်ဆေးဝါးအမှု(၂၀၈)မှုအထိ ရှင်းလင်းနိုင်ခဲ့ကြောင်းKIAသတင်းဌာနမှသိရသည်။


ဌာနချုပ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် အမှု(၂၀၈)မှုနှင့်အတူ သုံးစွဲသူ(၂၇၀)ဦးလည်းဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ကြောင်းသိရသည်။


ဖမ်းဆီးထိန်းသိမ်းခံထားရသူများထဲတွင် အနည်းဆုံးထောင်ဒဏ်(၇)နှစ်မှ အနှစ်(၂၀)ထိ ချမှတ်ခံရသူများပါ၀င်ပြီး၊ ထိုထဲတွင် အမျိုးသမီး(၆၉)ဦးလည်းပါ၀င်သည်ဟုဆိုသည်။


ကချင်လွတ်လပ်ရေးတပ်မတော် ဌာနချုပ်က မူးယစ်ဆေးဝါးရောင်း၀ယ်ဖောက်ကားသူများနှင့် သုံးစွဲသူများကို အမြစ်ပြတ်ရှင်းလင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်သည်။


ထို့အပြင် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ဌာနချုပ်ဒေသဖြစ်သည့် လိုင်ဇာ၊မိုင်ဂျာယာန်နှင့် အခြားKIAထိန်းချုပ်ဒေသများတွင်လည်း KTV၊ Bar ဆိုင်များအားလုံး ပိတ်ပင်ထားရန် ဇွန်လတွင် ထုတ်ပြန်ကြေငြာထားပြီး ဖြစ်သည်။


သတင်း - ပီလမ့်အူ


Kommentarer


Pajau Media

Thanks for subscribing!

bottom of page