top of page

KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီမှ အသေခံဒရုန်းဖြင့်ထပ်မံတိုက်ခိုက်

  • Writer: Pajau Media
    Pajau Media
  • Mar 12, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၁၂ရက်၊ မတ်လ၊ ၂၀၂၅ခုနှစ်။




ကချင်ပြည်နယ် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးသို့ စစ်ကောင်စီက အသေခံဒရုန်းဖြင့် ယနေ့နံနက်အစောပိုင်း ၂နာရီခန့်တွင် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း လိုင်ဇာမြို့တွင် နေထိုင်သူတစ်ဦး၏ ပြောပြချက် အရသိရသည်။


“ဒီမနက် ၂နာရီဝန်းကျင်လောက်မှာ ဟုတ်တယ် အိမ်တောင်တုန်တယ်, တိုက်ခိုက်တဲ့ နေရာနဲ့ ထိခိုက်မှုကိုတော့ မသိရဘူး” ဟု သူက ပြောပြသည်။


ထိုတိုက်ခိုက်မှုနှင့်ပတ်သတ်ပြီး ဒရုန်းကျရောက်ပေါက်ကွဲသည့်နေရာနှင့် ထိခိုက်မှုကိုတော့ မသိရသေးဘဲ၊ ဒရုန်းမပေါက်ကွဲခင် ယမန်နေ့ည သန်းခေါင်ကျော် အချိန်တွင်လည်း ဒရုန်းများ ပျံဝဲခဲ့ကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ဆက်ပြောသည်။


“တာဝန်ကျတဲ့ လူတစ်ချို့ပြောတာကတော့ မနေကတည်းက ဒရုန်းတွေအရမ်း ပျံနေတာတဲ့” ဟု နောက်တစ်ဦးက ဆိုသည်။


စစ်ကောင်စီဘက်က ဗန်းမော်ရှိ စကခ(၂၁)မှ တပ်စခန်းငယ်တစ်ချို့ကို လက်လွတ်ခဲ့ရပြီးနောက် ယခုလို တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ပြီး၊ ဇန္နဝါရီလတွင်လည်း သံချပ်ကာတပ်နှင့် အမြောက်တပ်တို့ လက်လွတ်ခဲ့ရပြီးနောက် အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။


တစ်ဖက်မှာလည်း ဗန်မော်မြို့သိမ်းတိုက်ပွဲသည် ဆက်လက်ပြင်းထန်နေပြီး တော်လှန်ရေးတပ်ပေါင်းစုဘက်က စကခ(၂၁)တပ်စခန်းထိ ထိုးဖောက်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် စစ်ကောင်စီ၏ တပ်စခန်းအချို့အပြင် ဒရုန်းများကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။


သတင်း - ဇော်


Comments


Pajau Media

Thanks for subscribing!

bottom of page