top of page

KIO ထိန်းချုပ်နယ်မြေဖြစ်သော မိုင်ဂျာယန်မြို့တွင် လူစုလူဝေးတွေမလုပ်ရန် မိုင်ဂျာယန်နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • Jul 26, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၂၆၊ ၇၊ ၂၀၂၄



မိုင်ဂျာယန်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ လတ်တလောအခြေအနေအရ ဇူလိုင်လ ၂၅ရက်မှ ဩဂုတ်လ ၄ရက်နေ့အထိ မြို့တွင်း လူစုလူဝေးမပြုလုပ်ရန် ဇူလိုင်လ ၂၅ရက်နေ့က ထုတ်ပြန်ထားပါသည်။ လူစုလူဝေးပွဲနှင့် ပတ်သက်သော ဘာသာရေးဆွေးနွေးပွဲများ၊ ဘုရားကျောင်းအစည်းအဝေးပွဲများနှင့် အားကစားပွဲများကို မပြုလုပ်ရန် ထုတ်ပြန်ထားသည့်အတွက်ကြောင့် ကျောင်းအချို့များကိုပါ ပိတ်လိုက်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။


ဤသို့ ထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်မှာ မိုးမောက်၊ ဗန်းမော်ခရိုင်တွင် ဖြစ်ပွားနေသော စစ်ရေးအခြေအနေကြောင့်ဟု ပါဂျောင်မီဒီယာအနေဖြင့် ယူဆပါသည်။ ထို့ပြင် KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နောက်ဘူကလည်း လက်ရှိ ကချင်ပြည်နယ်အနှံ့ ဖုန်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေစဉ်အချိန်ကာအတွင်း ပြည်သူလူထုများအနေဖြင့် အထူးသတိပြုရန် သတိပေးပြောကြားထားပါသည်။


မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို KIA တပ်က သိမ်းပိုက်နိုင်ပြီဟု သတင်းများထွက်ပေါ်လာသော်လည်း လက်ရှိအခြေအနေအတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး အပြီးသတ် သိမ်းဆည်းနိုင်ခြင်း မရှိသေးပေ။ လက်ရှိ ဗန်းမောက်၊ မိုးမောက်၊ မံစီဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများသည် စစ်ကောင်စီ၏ တပ်ရင်းနေရာများကို အပြီးသတ် သိမ်းပိုက်နိုင်ရန်အတွက် တန်ပြန်ထိုးစစ်ဆင်သည့် တိုက်ပွဲဖြစ်သည်ဟု စစ်ရေးသတင်းအရင်းအမြစ်များမှ ဖော်ပြထားသည်။


ထို့ကြောင့် KIO ထိန်းချုပ်နယ်မြေဖြစ်သော လွယ်ဂျယ်၊ မိုင်ဂျာယန် စသည့်မြို့များတွင် ဒေသတွင်းပြည်သူများကို လူစုလူဝေးမပြုလုပ်ရန်နှင့် စစ်တပ်၏ လေကြောင်းရန်ကို သတိပြုရန် အသိပေးထုန်ပြန်ထားခြင်းဖြစ်သည်။


Comments


Pajau Media

Thanks for subscribing!

bottom of page