top of page

KIOအစိုးရ၏ အပတ်စဥ်(၁) ရဲအရာရှိ သင်တန်းဆင်းပွဲကျင်းပပြုလုပ်

  • Writer: Pajau Media
    Pajau Media
  • Jul 24, 2025
  • 1 min read

ပါဂျောင်မီဒီယာ။

၂၄ရက်၊ဇူလိုင်၊၂၀၂၅။


KIO ဗဟိုဌာနချုပ်၊ လိုင်ဇာမြို့တွင် ယမန်နေ့ဇူလိုင်၂၃ရက် နံနက်၉နာရီအချိန်က KIO၏ အပတ်စဥ်(၁) ရဲအရာရှိသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရဲအရာရှိသင်တန်းတွင် ရဲအဖွဲ့၀င်များသိထားရမည့် ဥပဒေလုပ်ထုံးလုပ်နည်းများ၊ မှုခင်းလိုက်ခြင်း၊ စုံစမ်းထောက်လှမ်း သတင်းစုဆောင်းခြင်းနှင့် ပြည်သူများအတွက်ဝန်ဆောင်မှုပေးနိုင်ပြီး ပြည်သူ့အကျိုးပြုနိုင်သည့် ရဲအရာရှိများ ဖြစ်လာရေး စသည်တို့ကို သင်ကြားခဲ့သည်။


ရဲအရာရှိသင်တန်းကို ပြီးခဲ့သည့် ဇန္နဝါရီလမှစပြီး သင်တန်းကာလ(၆)လ သတ်မှတ်ကာ ဖွင့်လှစ်သင်ကြားခဲ့ပြီး မှုးယစ်ဆေးဝါးမသုံးစွဲသောလူငယ်များ၊ အသက်(၁၈)နှစ်အထက်လူငယ်များနှင့် အနိမ့်ဆုံးဆယ်တန်းအောင်မြင်ပြီးသူများကိုသာ လက်ခံသင်ကြားခဲ့ကြောင်း သိရသည်။


သင်တန်းဆင်း ကျောင်းသားများစုစုပေါင်း(၆၉) ဦးရှိပြီး၊ အမျိုးသမီး(၅)ဦးလည်းပါ၀င်ကြောင်းနှင့်အဆိုပါရဲအရာရှိသင်တန်းကို ဆက်လက်ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်းလည်း ထပ်မံသိရသည်။


သတင်း- ထုဆိုင်း

Photo credit to The Kachin Net


Comments


Pajau Media

Thanks for subscribing!

bottom of page