KSPP ဥက္ကဋ္ဌဒေါက်တာမနမ်တူးဂျာနှင့် ကြံ့ခိုင်ရေးပါတီမှ ဒေါ်နန်းနီနီအေး ဒုသမ္မတလောင်းများအဖြစ် တင်သွင်းခံရ
- Pajau Media

- Mar 30
- 1 min read
ပါဂျောင်မီဒီယာ
၃၀ရက်၊မတ်လ၊၂၀၂၆။
ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် အမျိုးသားလွှတ်တော်၏ သမ္မတရွေးချယ်တင်မြောက်ရေး အစည်းအဝေးတွင် အမျိုးသားလွှတ်တော်မှ ကချင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမနမ်တူးဂျာနှင့် ကရင်ပြည်နယ်မှ ပြည်နယ်လွှတ်တော်မှ ဒေါ်နန်းနီနီအေးတို့အား ဒုသမ္မတလောင်းများအဖြစ် အမည်စာရင်းတင်သွင်းခဲ့ကြသည်။
ဒေါက်တာမနမ်တူးဂျာသည် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPPမှ ဥက္ကဋ္ဌဖြစ်ပြီး၊ ကရင်ပြည်နယ်မှ ဒေါ်နန်းနီးနီအေးမှာ ကြံ့ခိုင်ရေးပါတီမှ ဖြစ်ကြသည်။
ထို့အပြင် ဒေါက်တာမနမ်တူးဂျာမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၏ ဒုတိယဥက္ကဋ္ဌအဖြစ် ၂၀၀၉ ခုနှစ် မတိုင်ခင်က ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး စစ်ကော်မရှင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရာ အနိုင်ရထားသူဖြစ်သည်။
အလားတူ ဒေါနန်းနီနီအေးက NLD အစိုးရလက်ထက်တို့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ပြီး လက်ရှိတွင် ၂၀၂၆ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ရာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်က ကျောင်းဆရာမနှင့် တက္ကသိုလ်နည်းပြအဖြစ် အသက်မွေးခဲ့သူလည်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့ (၂)ဦးအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ မဲပေးရွေးချယ်ကြပြီး မဲအများဆုံးရရှိသူက အမျိုးသားလွှတ်တော်မှ ရွေးချယ်သည့် ဒုသမ္မတလောင်း ဖြစ်လာမည်ဖြစ်သည်။
တစ်ဖက်မှာလည်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ် ရာထူးမှ အနားယူသွားပြီဖြစ်ကြောင်းနှင့်၊ တပ်ချုပ်ရာထူးအား ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို လွှဲပြောင်းခဲ့ပြီဖြစ်ကြောင်း စစ်ကော်မရှင်က ယနေ့ ထုတ်ပြန်လိုက်သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ၁၉၄၈ခုနှစ်မှစ၍ တပ်ချုပ်ဖြစ်လာကာ ၂၀၁၁ခုနှစ်မှ ၂၀၂၆ခုနှစ်ထိ ၁၅နှစ်ကြာ အုပ်ချုပ်ခဲ့သူလည်း ဖြစ်သည်။
သတင်း - ထုဆိုင်း










Comments