top of page

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းခြင်းမှာ လူတစ်စု အကျိုးစီးပွားသာ ဖြစ်သည်ဟု KSHRDN ထုတ်ပြန်

  • Writer: Pajau Media
    Pajau Media
  • 17 hours ago
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊ဧပြီ၊၂၀၂၆။


ကချင်ပြည်နယ်မှ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းနေမှုဟာ လူတစ်စု၏ အကျိုးစီးပွားအတွက် ဒေသခံများကို ခြိမ်းခြောက် ဖိအားပေးနေခြင်း ဖြစ်သည်ဟု ကချင်ပြည်နယ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ကွန်ရက် (KSHRDN) က ပြောဆိုလိုက်သည်။


နိုင်ငံရေးမတည်ငြိမ်မှုနှင့် စစ်ရေးပဋိပက္ခများ ပြင်းထန်နေချိန်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဆိုင်းငံ့ထားသည့် မြစ်ဆုံရေကာတာစီမံကိန်းကို စစ်ကော်မရှင်က ပြန်လည်စတင်ရန် လုပ်ဆောင်လာခြင်းမှာ ပြည်သူလူထု အကျိုးစီးပွားထက် လူတစ်စုအကျိုးကိုသာ ရှေ့ရှုသည့် လုပ်ရပ်သာဖြစ်ကြောင်း (KSHRDN) က ဆိုသည်။


လူထုကန့်ကွက်မှုကြောင့် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက ယာယီဆိုင်းငံ့ထားခဲ့သော်လည်း လက်ရှိအချိန်တွင် စစ်ကောင်စီက မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန်အတွက် လူထုစည်းရုံး တွေ့ဆုံပွဲများကို ၁၃ ကြိမ်တိုင် ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။


ထို့ပြင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ ကွန်ရက် (KSHRDN)က မြစ်ဆုံရေကာတာ စီမံကိန်း ပြန်လည်ဆောက်လုပ်ရန် လုပ်ဆောင်လာခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။


သတင်း - ဖရိန်း


Comments


Pajau Media

Thanks for subscribing!

bottom of page