top of page

ဖားကန့်ဒေသ စစ်ကော်မရှင် ပူးပေါင်းတပ်ဖွဲ့များ စစ်အင်အားဖြည့်တင်းနေ

  • Writer: Pajau Media
    Pajau Media
  • 17 hours ago
  • 1 min read

ပါဂျောင်မီဒီယာ

၈ရက်၊ဧပြီ၊၂၀၂၆။


ဖားကန့်ဒေသတွင် စစ်ကော်မရှင်တပ်ဖွဲ့နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များမှ စစ်အင်အား ဖြည့်တင်းနေမှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။


ဧပြီလဆန်းကတည်းက ဖားကန့်ဒေသတွင်း KIA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေရာ အချို့စစ်ကော်မရှင်တပ်စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်နှင့် မင်းဇေသန့်ဦးဆောင်သည့် ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲများက စစ်အင်အားများကို ဆက်တိုက်ဆိုသလို ဖြည့်တင်းနေကြကြောင်း သိရသည်။


ဧပြီ ၆ ရက်နေ့တွင်လည်း လဝါးကျေးရွာမှ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့များက ဖားကန့်လမ်းမကြီးဘက်မှ မသွားဘဲ မလန်ဒုန်ကျေးရွာဘက်မှ ဖားကန့်ဘက် စစ်အင်အားဖြည့်တင်းနေကြကြောင်း ထပ်မံသိခဲ့ရသည်။


ဖားကန့်ဒေသတွင် KIA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်ဖွဲ့များ နေ့စဉ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး၊ စစ်တပ်မှ လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေဆဲ ဖြစ်သည့်အပြင် လက်ရှိတွင် နှစ်ဖက်စစ်တပ်မှ စစ်ရေးအပြန်အလှန် တင်းမာနေကြဆဲ ဖြစ်သည်။


သတင်း - ထုဆိုင်း


Comments


Pajau Media

Thanks for subscribing!

bottom of page