top of page

Lucky Men ဟိုတယ်မှ ထွက်ပြေးတိမ်းရှောင်သွားသော ဗိုလ်မှူးကြီးသက်ပိုင်ထွန်းအား အသေဖမ်းဆီးရရှိ

  • Writer: Pajau Media
    Pajau Media
  • Oct 10, 2024
  • 1 min read

ပါဂျောင်မီဒီယာ

၁၀ရက်၊အောက်တိုဘာ၊၂၀၂၄။



ဖားကန့်-ဆိုင်းတောင်တိုက်ပွဲမှ ထွက်ပြေးလွှတ်မြောက်သွားသည့် ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို KIA ပူးပေါင်းတပ်ဖွဲ့မှ လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ပြီး၊ ရုပ်အလောင်းကိုတော့ ယမန်နေ့ညတွင် တွေ့ရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။


ခလရ(၁၁၉)တပ်ရင်းမှူးဖြစ်သည် ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းသည်ဆိုင်းတောင်ကျေးရွာကို မီးရှို့ပျက်စီးရန် ညွှန်ကြားခဲ့သူ ဖြစ်ပြီး၊ ဆိုင်းတောင်တိုက်ပွဲအတွင်း Lucky Men ဟိုတယ်တွင် တစ်လနီးပါး တပ်စွဲနေထိုင်ခဲ့သည်။


အောက်တိုဘာ၈ရက်နေ့ ညတွင် KIAမှ တစ်ဖန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးကြီးသက်ပိုင်ထွန်းနှင့်အတူ စစ်သား၁၀ဦးထက်မနည်း ထွက်ပြေးလွှတ်မြောက်သွားခဲ့ကြောင်းနှင့် ထွက်ပြေးလွှတ်မြောက်သွားခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များကို KIAက နှစ်ရက်ဆက် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့စဉ် ဥရုချောင်းတွင် သေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။


ဒေသခံများ ပြောဆိုချက်အရ အဆိုပါ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်းမှာ ဆိုင်းတောင်ကျေးရွာကို မီးရှို့းဖျက်စီးးရန် အမိန့်ညွှန်ကြားသူဖြစ်ကြောင်း သိရပြီး၊ ဆိုင်းတောင် Lucky Men ဟိုတယ်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်စခန်းကိုတော့ KIA ဘက်က ပြီးခဲ့သည့် အောက်တိုဘာ၈ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ထားပြီး၊ လက်ရှိ ဆိုင်းတောင်ကျေးရွာကိုလည်း KIAက ထိန်းချုပ်ထားပြီဖြစ်သည်။


ဆိုင်းတောင်ကျေးရွာရှိ Lucky Men ဟိုတယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၇ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုဗိုလ်မှူးကြီးသက်ပိုင်ထွန်း ဦးဆောင်သည့်တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page